Monday, May 30, 2016

မေတ္တာကမ္ဘာ: မဃဒေဝလင်္ကာသစ် (ပ- လောကဟိတစရိယခဏ်း)

မေတ္တာကမ္ဘာ: မဃဒေဝလင်္ကာသစ် (ပ- လောကဟိတစရိယခဏ်း): ၆။  သံဝေဂကြီး, ကမ္ဘာမီးသို့, စောဓီးမင်းမြတ်, အမြဲမှတ်၍, ထိုဆတ္တာသည်, မိန့်တိုင်းတည်အား, လွန်ကြည်မြတ်လေး, ရွာဆုပေးသား, မထွေးကန့်ကွက်, သန့်ခဲ့ပိ...

မေတ္တာကမ္ဘာ: မဃဒေဝလင်္ကာသစ် (ပ- လောကဟိတစရိယခဏ်း)

မေတ္တာကမ္ဘာ: မဃဒေဝလင်္ကာသစ် (ပ- လောကဟိတစရိယခဏ်း): ၆။  သံဝေဂကြီး, ကမ္ဘာမီးသို့, စောဓီးမင်းမြတ်, အမြဲမှတ်၍, ထိုဆတ္တာသည်, မိန့်တိုင်းတည်အား, လွန်ကြည်မြတ်လေး, ရွာဆုပေးသား, မထွေးကန့်ကွက်, သန့်ခဲ့ပိ...

Thursday, May 19, 2016

ျတွေးမိသည်မှာ

တွေးမိသမျှ
*****
မိတ်ဆွေအသစ် အဟောင်းများကို ဖိတ်ခေါ်ပြီးလေပြီ။ တချို့လည်း accept ၏။ အချို့ကား လက်မခံနိုင်သေး။ မည်သို့ဆိုစေ အားလုံးမင်္ဂလာပါ ဟု နှုတ်ခွန်းဆက်ပါသည်။
ကျွန်တော့်မိတ်ဆွေများ ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းကြပါစေသတည်း။

တူညီသောမေတ္တာ ပို့သပါ၏။
အညီအမျှ ပို့သပါလျှက် အညီအမျှ မရောက်သည်ကို အကောင့်ဟောင်းတွင် သိရှိခဲ့ရပေသည်။ အချို့ လည်းရိပ်မိကြပေလိမ့်မည်။ အံသြဖွယ် ကောင်းပေစွတကား။

ချစ်သူရှိသလို မုန်းသူလည်း ရှိသည်က သဘာဝတရား။
 လောကဓံသည် အကောင်းချည်း သာလျှင်မဟုတ်ချေ။
 အဆိုးနှင့်ယှဉ်၍ တိုက်လေသည်တမုံ့။

ယခုအချိန်အထိ သူတပါး ဒုက္ခရောက်ပါစေဟူသောစိတ်ဖြင့်မတွေးဖူး။ မကြံဖူး မလုပ်ဖူးချေ။ စိတ်ကိုဖြူအောင်ထားပါသည်။ ကြားဖူးကြပါလိမ့်မည်။ မကောင်းမူရှောင် ကောင်းမူဆောင် စိတ်ကိုဖြူ အောင်ထား။ ဆရာတော် အသီးသီး အသက မိန့်ကြားခဲ့ကြသည်မဟုတ်ပါလော။

မှတ်မိပါသေး၏။  မှတ်သားဖွယ် ရာ စာပိုဒ်ကလေးတစ်ကြောင်း တစ်ပါဒ
'
"အကြင်တို့ သူတို့ကို ဆုံးမ ထိုသို့ပင် ကိုယ်ပင်ကိုယ်ဆုံးမ ဆုံးမဖွယ် ကိုယ်ဝယ်လို ဆုံးမ ကိုယ်ရှင်ထက် ခက်သူမရှိကြ။"

မည်သူ့ရေးသည်ကို အတိအကျမသိ၍ ရေးသူကို ညွှန်းဆိုဖော်ပြခြင်း မပြုနိုင်သည်ကို စိတ်မကောင်းဖြစ်မိသည်။ ခဏ ခဏကြားဖူးနေသည်က ဆရာ ဦးရန်အောင် ရွတ်ဆိုလေ့ရှိသည်။ အကြိမ်ပေါင်းများစွာ ရွတ်ဆိုတတ်လေသည်။ နောက်တစ်ကြောင်းရှိပါသေးသည်။ သူ့၏ နှုတ်ဖျားမှ အကြိမ်ကြိမ် ထွက်လာတတ်သည့် စကားစု။
သုံးတတ်သူများ ယူငင်သုံးစွဲကြပါကုန်။
" သံလျှင်တံတားကြီး ဘယ်လောက်ကြီး လျှောက်သူမခက် ဆောက်သူခက်၏" ဟူ၍ ဖြစ်သတည်း။

တည်ဆောက်သူသည် အခက်အခဲများစွာ ရင်ဆိုင်ရသည်မှာ ဓမ္မတာ။ လျှောက်သူကား တည်ဆောက်သူလောက် ခက်ခဲမည် မဟုတ်ပါချေ။ ပျက်အောင်ဖျက်ဆီသူ အတွက် အလွယ်ဆုံးပင်ဖြစ်လေသည်။

ဝေလင်းအောင်
May 17 , 2016
1:08 PM

အဖိနှိပ်ခံတို့ အသံ: ပြောင်းလဲတတ်သော သဘောနှင့် မပြောင်းလဲသော ပရမတ္တသစ္စာ

အဖိနှိပ်ခံတို့ အသံ: ပြောင်းလဲတတ်သော သဘောနှင့် မပြောင်းလဲသော ပရမတ္တသစ္စာ

အဖိနှိပ်ခံတို့ အသံ: နွား နှင့် လွှတ်တော်အမတ်

အဖိနှိပ်ခံတို့ အသံ: နွား နှင့် လွှတ်တော်အမတ်

လူ နတ် ဘီလူး

လူ နတ် ဘီလူး
**************
ငယ်စဉ်အခါက မိခင် ဖခင် င်္မွေးဖွားရာ  တောရွာလေးများသို့ မကြာမကြာ ရောက်တတ်သည်။ယခုလိုရာသီတွင် သင်္ကြန်ကျပြီးစ အချိန်တွင် ဓနိ သက်ကယ် များသုံး၍ အိမ်ပြင်မိုးလေ့ရှိကြသည်။
တခါတရံ အချင် ဟုခေါ်သည် ဝါးများကို ဖျက်ချ ပြင်မိုးလေ့ရှိသည်။
အချင် ဆိုသည်ကား အိမ်ခေါင်မိုးတွင် သယ်ကယ် ဓနီ ချည်ရန် မိုးရန် ဝါးဖြစ်၏။ သွတ်မိုးခေါင်များတွင် ဒိုင်းနှင့် သဏ္ဍာန်တူသည်။
အချင်တင်သည့်အခါ လူ နတ် ဘီလူး ဟု ရွတ်ဆိုကြလေ့ရှိသည်။ လူ နတ် ကျလျှင်ကောင်း၏။ ဘီလူးကျ လျှင်မကောင်းချေ။
ထိုစဉ်က ဘာမှန်းညာမှန်း တိတိပပမသိခဲ့ချေ။ ယခုမူ မိခင် ဖခင်တို့ ၏ ရပ်ဓလေ့ ရွာဓလေ့ ကို အနည်းငယ်သိမြင်တတ်ချေပြီ။

အိမ်ရာသစ်တည်ထောင်ခြင်းသည် မင်္ဂလာရှိ၏။ လူတို့သည် မဖြစ်မနေ အိုးသစ် အိမ်သစ်ကလေးများ ဆောက်ကြရသည်။ အိမ်ဆောက်လျှင် အိုးသစ်အိမ်သစ်တည်လျှင် အရေးကြီးသည်ကာ ဘီလူး အစားမခံမရရေးဖြစ်သည်။

လူသည် ဂုဏ်ရှိသည်။ ကျက်သရေရှိသည်။ နတ်သည် မြင့်မြတ်သည်။ ဘီလူးမူကား သူတပါးအသားစားရမှ နေသာထိုင်သာရှိ၏။

သို့ ကြောင့်ရှေ့လူကြီးများသည် အမိုးနှင့်တူသော အိမ်ထောင်ဦးစီးကို ဘီလူးမဖြစ်စေရန် အထာပြခဲ့ခြင်းဖြစ်ပေသည်။ အိမ်ထောင်ဦးစီးဘီလူးဖြင်လျှင် ဘီလူးများ ဝင်ထွက်ကြပေလိမ့်မည်။ အိမ်သားများလည်း တနေ့နေ့ တချိန်ချိန် အစားခံရတတ်သည်။
လူနှင့်နတ် နှင့်သာပေါင်းသင်းဆက်ဆံလျှင် လူ နှင့်နတ်သာ ဝင်ထွက်ကြပေမည်မဟုတ်ပါလော။

အချုပ်ဆိုရသော် အိမ်ခေါင်ရှိ အချင်ဝါးငယ်ကလေးများတင်တိုင်း လူ နတ် ဘီလူးဟု ပြောဆိုကြခြင်းသည်သာမည မျှသာ။ နာခံရန်ခက်ခဲသော လူတို့အား ပရိယာယ်ဖြင့် သင်ကြားခြင်းသာတည်း။

ကိုဧည့်သည်
May16, 2016
6:30 AMလ

Tuesday, May 17, 2016

hi

မင်္ဂလာပါ

အဖိနှိပ်ခံတို့ အသံ: နွား နှင့် လွှတ်တော်အမတ်

အဖိနှိပ်ခံတို့ အသံ: နွား နှင့် လွှတ်တော်အမတ်

wai lin aung: အဖိနှိပ်ခံတို့ အသံ: ဦးခင်ရွှေ ၏ဖွင့်ဟ ၀န်ခံချက်

wai lin aung: အဖိနှိပ်ခံတို့ အသံ: ဦးခင်ရွှေ ၏ဖွင့်ဟ ၀န်ခံချက်: အဖိနှိပ်ခံတို့ အသံ: ဦးခင်ရွှေ ၏ဖွင့်ဟ ၀န်ခံချက် လက်ရာဟောင်းဖြစ်ပါသည်။ အားပေးတော်မူကြပါ။

အဖိနှိပ်ခံတို့ အသံ: ဦးခင်ရွှေ ၏ဖွင့်ဟ ၀န်ခံချက်

အဖိနှိပ်ခံတို့ အသံ: ဦးခင်ရွှေ ၏ဖွင့်ဟ ၀န်ခံချက်

လက်ရာဟောင်းဖြစ်ပါသည်။ အားပေးတော်မူကြပါ။

အဖိနှိပ်ခံတို့ အသံ: နွား နှင့် လွှတ်တော်အမတ်

အဖိနှိပ်ခံတို့ အသံ: နွား နှင့် လွှတ်တော်အမတ်

Thursday, May 12, 2016

စရိတ်


Cancel
Edit Post
Save
'စရိတ်'
*****'
စာလုံးရေ နှစ်လုံး တည်း ရှိသည်။နှစ်လုံးတည်းဆို ၍ အထင်မသေးသင့်ချေ။  သူ့ချည်းဆို ကိစ္စ မရှိ။ သူ့ ချည်းလောဟု မေးလာသော် ဝိသေသ နှင့်ပါ ဘုရားဟု ဖြေရပေလိမ့်မည်။
ထိုမှတဖန် မနေနိင်သူတို့ က ဆက်လက် မေး သည်  ဆို ငြားအံ ဘယ်လို ဝိသေသနမျိုးတည်းဟု မေးရန် ရှိလေသည်။
အဖြေကား နာမဝိသေသနနှင့်ပါ ဘုရား ဟုသာ ဆိုရပေခြိမ့်မည်။

အမှန်ဆိုသော် မည်သူမျှ အားအားယားယား မေးခြင်းမဟုတ်ပါပေ။ ကိုယ့်ဖာသာမေး ကိုယ့်ဖာသာ ဖြေနေခြင်း ဖြစ်ပါ၏။  အလုပ်မရှိ ခြင်းက အဓိက အကြောင်းရင်း။ ထို့ကြောင့် အားနေသူက တခြားသူ မဟုတ်ပါချေ။ စာရေးသူသာ ဖြစ်ပါသည် တမုံ။

စရိတ်ဆိုသော နာမ်သည်သူ ချည်းမပြီးချေ။  သူ၏ရှေ့၌ ကပ်လျက် ဝိသေသပြု ရသော် စားစရိတ်   နေစရိတ်  ခရီးစရိတ် ကျမ်းမာရေးစရိတ်
လူမူရေးစရိတ်  ပြင်ဆင်စရိတ် ခရီးသွားလာစရိတ်  အစသဖြင့် ထူးခြားသော နာမဝိသေသနတို့ နှင့် မရေတွက်နိုင်အောင် များပြားလှပေသည်။

နာမဝိသေသန သည် နာမ်နှင့်နီးကပ်စွာတည်ရှိ၌ သက်ဆိုင်ရာနာမ်ကို အထူးပြုသည်မှာ သဘာဝ။ လွမ်းစရာမရှိသလို ငိုရန်လည်း လိုသည်မဟုတ်။  သနားစရာလည်းမကောင်းပါချေ။

လွမ်းစရာ ကောင်း သည်က တခြားမဟုတ်ချေ။ ချစ်မိသည်အတွက် ချစ်စရိတ်။
သနားမိသည့်အတွက် ကရုဏာစရိတ်။ ဒေါသဖြစ်မိသည့်အတွက် အမူအခင်း စရိတ်။ ဗိုက်ဆာ သည့်အတွက် စားစရိတ်။  ကျောင်းတက်ရန်လိုသောကြောင့် ပညာရေးစရိတ် နေမကောင်းသောကြောင့် ကျမ်းမာရေး စရိတ်  အောင်မြင်ထင်ရှားလို သည့် အတွက် ထောက်ပံပေးကမ်းရသည်စရိတ် စသည်ဖြင့်
စရိတ် တည်းဟူသော နာမ်သည် ဝိသေသန အမျိုးမျိုးကပ်၍ လူသားများကို ငိုအောင် လွမ်းအောင် ဝမ်းနည်းအောင် စိတ်ဆင်းရဲအောင် လုပ်လေတော့သည်။

စရိတ်သည် သူ့ချည်း ရပ်တည်လေ့မရှိပဲ သေဖော်သေဖက် လိုက်ရှာလေသည်။ နေထိုင်မကောင်း နာမကျမ်းဖြစ်သည်ဆိုပါစို့ ။ စရိတ်သည် ကျန်းမာရေးဟူသော နာမ်၏  ရှေ့တွင် လူဝါးဝကာ( မွှားလို့ )
ဝေါဟာရဝါး ဝကာ ထင်တိုင်းကျဲတော့သည်။

ကျန်းမာရေးစရိတ်
****************
စရိတ် အမျိုးမျို ရှိလေ၏။ အမျိုးမျိုးသော စရိတ် များအနက် အဆိုးဝါးဆုံးဖြစ်သည်။ မာယာ အများဆုံးလည်းဖြစ်သည်။ မလိုအပ်သော်လည်း လိုအပ်နေသယောင် လှည့်စားတတ်သည်။  ပရိယာယ်ကြွယ်လွန်းသဖြင့် သာမာန်လူများမှာ သူ့နှင့်တွေ့လေတိုင်း လက်မှိုင်ချ ဖင်ထိုင်ကျရသည်ချည်းဖြစ်။

သူ့ကြောင့် ဘဝပျက်သူတွေ မနည်းမနော။ အနှစ်နှစ်အလလက နေထိုင်ခဲ့သောအိမ်ကို ရန်သူတို့ ၏ လက်တွင်းသို့  သက်ဆင်းအောင် လုပ်နိုင်သူကလည်း သူပင်ဖြစ်ပါပေသည်။
သူသည် မိတ်ဆွေစစ် မဟုတ်ပါချေ။ သူ့ ၏ အပေါင်းဖော်များလည်း သူလိုချည်းပင် ရရစားစား ပျော်နေတတ်ရသည်။ သူတပါး၏ ဒုက္ခ လည်ချောင်းသွေးဖြင့် ခြေဆေးတတ်ကြသည်။

ကိုအောင်ဟိန်း
Dec 16, 2015
9: 00 AM