.
ရွှေကြိုး နှင့် သံကြိုး
. 〰〰〰🌸〰〰〰
🔷 `ရွှေကြိုး'ဆိုပေမယ့်
`သံကြိုး'လိုတော့ မခိုင်မာ ။
🔷 ရှုမက်စရာ ပကာသန ပေမို့
သူ့ထက်ငါ အသာရစေဖို့
အလှဂုဏ် ခြယ်စရာပါ့
ထည်ဝါစွာ လည်မှာဆွဲပါလို့
ပွဲဝင်ကြတာ ။
🔷 `ကြိုး'အမည် ခံယူပါလည်း
စံမတူ ဟန်မူဒြပ် ရယ်က
သံတစ်မူ သန်သူ မမှတ်သာဘု
ဓာတ်သဘော ဖီလာဆောင်၍
ချည်နှောင်ပင် ဘယ်မရနိုင်ခဲ့
ပြတ်လွယ်စွ ရွှေကြိုးသာ .....
ဝင့်ကြွားစရာ ပြယုဂ်အလား ။
🔷 `သံကြိုး' မှာ
တန်ဘိုးအရာ၌
ရတနာ အတန်းမဝင်လည်း
အခိုင်အမာပင် လိုရာသုံးလေတော့
ထုံးလိုထုံး ဖြေလိုဖြေ
ခွေလိုခွေ ဆွဲလိုဆွဲ စေရော့
မပြတ်မြဲ အမြင်သာပါ့
အစဉ်လာ ဓမ္မတာ အရ ပေမို့
အဆင်တန်ဆာ အခရာ မကျပေမယ့်
အလှ ဘယ်လိုရှာမလဲ
ရွှေကြိုးမှာ ကြွားဝါခြင်း ပေမယ့်
သံကြိုးမှာ အားသာခြင်း ပေမို့
စဉ်းစား အဖြေရှာလို့
ရွှေပမာ နေရာရ ပေမယ့်
အခြေမပါ သွေကွာကြလိမ့်မယ်
ဝိဘဇ္ဇ တရား ။ ။
နွေကိုတူး(ပခုက္ကူ)
Hete is my blog. I am wai lin aung. Some of my friends know me Ko Aung Hein. I have many different names because I have different kinds of different reasons. I don't want to reperat again. Ko E' The
Tuesday, June 28, 2016
Monday, June 27, 2016
Friday, June 24, 2016
ဖဿ ပစ္စယာ ဝေဒနာ
# လျှာအရသာအတွက်
-
-
လျှာအရသာအတွက်
သူတို့
ဘာမျှထည့်မတွက်ကြပါဘူး ခင်
-
အပူပေးကျပ်ကင်
မီနူးလှ အသားကင်တွေ ဝါးရင်
တစ်ဟားဟား ပျော်မြူခြင်း နောက်တွင်
ပေါက်ပင်လို ကိုင်းခဲ့ကြပေါ့၊
-
လျှာအရသာအတွက်
သူတို့
ဘာမှထည့်မတွက်ကြပါဘူး ခင်
-
ချို ချဉ် ပူ စပ် တစ်လစပ်စားရင်း
ဓာတုဆေး ဖုကာလာ
ဓာတ်မြေသြဇာ မကျန်
မြိုချ စားသုံး
ဆီတုနဲ့ပါ နပန်းလုံးခဲ့ကြပေါ့
-
လျှာအရသာအတွက်
သူတို့
ဘာမျှထည့်မတွက်ကြပါဘူး ခင်
-
ခါးလွန်းတဲ့ဆေး
အနာနဲ့တည့်အောင်ပေးလည်း
လျှာမှာအရသာ မခံလိုလို့
ဥုံ ဖွ ပျောက်စေ ဆိုတဲ့နေရာကို
ယုံကြည်စွာ ပြေးကြပေါ့
-
လျှာအရသာအတွက်
သူတို့
ဘာမျှထည့်မတွက်ကြပါဘူး ခင်
-
ဘီယာအရက်
ခွက်ခြင်းတိုက်ဆော်
ဆေးထည့်ကွမ်းစား
တစ်ဝါးဝါး ပျော်မြူး
အရသာထူးလို့ ထင်သည်ပေါ့
-
လျှာအရသာအတွက်
သူတို့
ဘာမျှထည့်မတွက်ကြပါဘူး ခင်
-
အဖုံးအကာ ဗလာကျင်း
နေပူမိ ရေသန့်ကိုသောက်ရင်း
ဝေဒနာကပြန်သောက်ခြင်းကို
တရိရိခံနေကြရသည်ပေါ့
-
လျှာအရသာအတွက်
သူတို့
တစ်ရက်ပြီး တစ်ရက်
ကင်ဆာရဲ့ လှည့်စားချက်အောက်မှာ ရောက်နေရရှာတာကို
ကိုယ်လည်း
ဘာမျှ မတတ်နိုင်ခဲ့ဘူး ခင်။
-
-
ကိုဖြောင့်
၂၅.၆.၁၆

Thursday, June 23, 2016
Wednesday, June 22, 2016
Saturday, June 18, 2016
ပညာသင်ဆု
ပညာသင်ဆု လျှောက်ထားနိုင်
~~~~~~~~~~~~~~~~
မနာပဒါယီ ဆရာတော် အရှင်ဝိစိတ္တ အရှင်သူမြတ် ဦးဆောင်မတည် တည်ထောင်ထားအပ်သော "မနာပဒါယီ ဖောင်ဒေးရှင်း"သည် နှစ်စဉ်ပညာသင်ဆုများ ထောက်ပံ့ပေးအပ်လျှက်ရှိရာ ယခုနှစ်တွင်လည်း (၂၀၁၆)ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများမှ ပညာရေးအားကောင်းပြီး ဘဝအခြေအနေ မပြည့်စုံသည့် ကျောင်းသား၊ ကျောင်းသူများအား ရွေးချယ်၍ ကျောင်းတက်နေစဉ်ကာလ လစဉ်ပညာသင်ထောက်ပံ့ဆုများကို ကျောင်းပြီးသည်အထိ ပေးအပ်သွားမည် ဖြစ်ပါသဖြင့် ဖော်ပြပါအချက်အလက်များနှင့်အညီ မနာပဒါယီ ဖောင်ဒေးရှင်းသို့ ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်ပါသည်။
လိုအပ်သည့် စာရွက်စာတမ်းများ
--------------------------------
၁။ ကိုယ်ရေအကျဉ်း (CV)
(ဓာတ်ပုံ(၂)ပုံနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်ပါရမည်)
၂။ ကျောင်းသားကိုယ်တိုင်၏ ပညာသင်ဆုလျှောက်ထားလွှာ (လက်ရေးမူဖြင့်ရေးရန်)
၃။ မိဘ (သို့မဟုတ်) သက်ဆိုင်ရာ အုပ်ထိန်းသူ၏ ထောက်ခံချက်
၎။ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အမှတ်စာရင်းမိတ္တူ
၅။ နိုင်ငံသားစိစစ်ရေးကဒ် မိတ္တူ
၆။ အိမ်ထောင်စု သန်းခေါင်စာရင်း မိတ္တူ
၇။ မြို့နယ်ပညာရေးမှူးရုံး ထောက်ခံချက်
၈။ မြို့နယ်ရဲစခန်းထောက်ခံချက်
၉။ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှုး ထောက်ခံချက်
- လျှေက်ထားသူသည် အထက်ပါ အချက်အလတ်များ ပြည့်စုံစေလျှက် (၃၀-၉-၂၀၁၆)ရက်နေ့ထက် နောက်မကျစေဘဲ ပေးပို့လျှောက်ထားရမည်။
- သတ်မှတ်ရက်ထက် နောက်ကျမှ ရောက်လာသည့် လျှောက်လွှာများနှင့် အခြားအဖွဲ့အစည်း တစ်ခုခုမှ ပညာသင်ဆု လက်ခံထားပြီးသူများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပေ။
- အရွေးချယ်ခံ ကျောင်းသား၊ ကျောင်းသူ၏ မေဂျာ(major)ဘာသာအပေါ် မူတည်၍ ထောက်ပံ့ဆုငွေ အနည်းအများကို စဉ်းစားပေးသွားမည်ဖြစ်သည်။
မှတ်ချက်။ ။ ပညာသင်ဆု ရွေးချယ်ခံ ကျောင်းသား၊ကျောင်းသူများအား သီးသန့်ဆက်သွယ် အကြောင်းကြားမည်ဖြစ်ပြီး ရွေးချယ်မခံရသည့် လျှောက်လွှာများ၊ စာရွက်စာတမ်းများကို ပြန်လည်ပေးပို့နိုင်မည် မဟုတ်ပေ။
လျှောက်လွှာပေးပို့ရမည့် လိပ်စာ
---------------------------------
မနာပဒါယီ ဖောင်ဒေးရှင်း
သီရိဇေယျုံကျောင်း၊ အိမ်တော်ရာတိုက်
မြို့မကျောင်းလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်။
ဖုန်း = ၀၉၂၅၂၂၀၀၀၁၁
၀၉၂၅၂၂၀၀၀၉၉
Like · 14 · Reply · Report · 8 hours ago
On her cheek'
အကြံနဲ့အကြည့်
==========
ပါးပြင်ပေါ် ရှင်မတောင်လိမ်းတော့
သူစိမ်းစိမ်းကြည့်တယ်ထင် ။
မချိုချဉ် အဲ့သည်အပြုံး
မုန်းလိုက်တာရှင် ။
ခက်ပြီနော့ လူညိုယဉ်
အကြည့်ကို ပြင်လိုက်ဦး ။
နံနက်မလင်းခင်က
ကျောက်ပျဉ်ကို စင်စင်ဆေးပါလို့
သွေးရတယ် ရှင်မတောင်ရှင့်
ပွင့်ကံ့ကော်ဝတ်ဆံနှောပါရ
နှမလေးပါးပြင်ပေါ်ထက်
ပါးကွက်ကို ဘယ်လိုအကြံနဲ့
ကြည့်ပြန်တာ သိရန်ကောရယ်မို့
ကိုယ်ယို့ကာ အနေခက်ပါရဲ့
ရွှေဘိုသူ ညိုပြာညက်လေ...
ရှက် ရှက်နဲ့ပြုံး ။
( သနပ်ခါးကိုခင်တွယ်နေသေးတဲ့လုံမငယ်အားလုံး
အတွက် သည်ကဗျာလေးကို ကြည်နူးစွာရေးပါတယ်)
နေမိုးညို
17-6-2016

Wednesday, June 15, 2016
ပညာသင်ဆု
ပညာသင်ဆု လျှောက်ထားနိုင်
~~~~~~~~~~~~~~~~
မနာပဒါယီ ဆရာတော် အရှင်ဝိစိတ္တ အရှင်သူမြတ် ဦးဆောင်မတည် တည်ထောင်ထားအပ်သော "မနာပဒါယီ ဖောင်ဒေးရှင်း"သည် နှစ်စဉ်ပညာသင်ဆုများ ထောက်ပံ့ပေးအပ်လျှက်ရှိရာ ယခုနှစ်တွင်လည်း (၂၀၁၆)ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများမှ ပညာရေးအားကောင်းပြီး ဘဝအခြေအနေ မပြည့်စုံသည့် ကျောင်းသား၊ ကျောင်းသူများအား ရွေးချယ်၍ ကျောင်းတက်နေစဉ်ကာလ လစဉ်ပညာသင်ထောက်ပံ့ဆုများကို ကျောင်းပြီးသည်အထိ ပေးအပ်သွားမည် ဖြစ်ပါသဖြင့် ဖော်ပြပါအချက်အလက်များနှင့်အညီ မနာပဒါယီ ဖောင်ဒေးရှင်းသို့ ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်ပါသည်။
လိုအပ်သည့် စာရွက်စာတမ်းများ
--------------------------------
၁။ ကိုယ်ရေအကျဉ်း (CV)
(ဓာတ်ပုံ(၂)ပုံနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်ပါရမည်)
၂။ ကျောင်းသားကိုယ်တိုင်၏ ပညာသင်ဆုလျှောက်ထားလွှာ (လက်ရေးမူဖြင့်ရေးရန်)
၃။ မိဘ (သို့မဟုတ်) သက်ဆိုင်ရာ အုပ်ထိန်းသူ၏ ထောက်ခံချက်
၎။ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အမှတ်စာရင်းမိတ္တူ
၅။ နိုင်ငံသားစိစစ်ရေးကဒ် မိတ္တူ
၆။ အိမ်ထောင်စု သန်းခေါင်စာရင်း မိတ္တူ
၇။ မြို့နယ်ပညာရေးမှူးရုံး ထောက်ခံချက်
၈။ မြို့နယ်ရဲစခန်းထောက်ခံချက်
၉။ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှုး ထောက်ခံချက်
- လျှေက်ထားသူသည် အထက်ပါ အချက်အလတ်များ ပြည့်စုံစေလျှက် (၃၀-၉-၂၀၁၆)ရက်နေ့ထက် နောက်မကျစေဘဲ ပေးပို့လျှောက်ထားရမည်။
- သတ်မှတ်ရက်ထက် နောက်ကျမှ ရောက်လာသည့် လျှောက်လွှာများနှင့် အခြားအဖွဲ့အစည်း တစ်ခုခုမှ ပညာသင်ဆု လက်ခံထားပြီးသူများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပေ။
- အရွေးချယ်ခံ ကျောင်းသား၊ ကျောင်းသူ၏ မေဂျာ(major)ဘာသာအပေါ် မူတည်၍ ထောက်ပံ့ဆုငွေ အနည်းအများကို စဉ်းစားပေးသွားမည်ဖြစ်သည်။
မှတ်ချက်။ ။ ပညာသင်ဆု ရွေးချယ်ခံ ကျောင်းသား၊ကျောင်းသူများအား သီးသန့်ဆက်သွယ် အကြောင်းကြားမည်ဖြစ်ပြီး ရွေးချယ်မခံရသည့် လျှောက်လွှာများ၊ စာရွက်စာတမ်းများကို ပြန်လည်ပေးပို့နိုင်မည် မဟုတ်ပေ။
လျှောက်လွှာပေးပို့ရမည့် လိပ်စာ
---------------------------------
မနာပဒါယီ ဖောင်ဒေးရှင်း
သီရိဇေယျုံကျောင်း၊ အိမ်တော်ရာတိုက်
မြို့မကျောင်းလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်။
ဖုန်း = ၀၉၂၅၂၂၀၀၀၁၁
၀၉၂၅၂၂၀၀၀၉၉
Like · 14 · Reply · Report · 8 hours ago
aunglinwaiwai အဖိနှိပ်ခံတို့ အသံ: မိမိ ဆနကို ဖော် ထုတ် နိုင်ပါတယ်ဆန ကို ဖော်ထုတ် နိင...
aunglinwaiwai အဖိနှိပ်ခံတို့ အသံ: မိမိ ဆနကို ဖော် ထုတ် နိုင်ပါတယ်ဆန ကို ဖော်ထုတ် နိင...: မိမိ ဆနကို ဖော် ထုတ် နိုင်ပါတယ် ဆန ကို ဖော်ထုတ် နိင်ပါတယ် သို့သော် လူမျိုးရေး ဘာသာရေး ကို လူံ့ဆော် ဆော် ပီး တည်ငြိမ်မူ ပျက်ပြားအောင် ဆောင်ရ...
wai lin aung: ကုသခက်သူ
wai lin aung: ကုသခက်သူ: ကုသခက်သည့်သူ ရုပ္ပတီတိရောဂေါ ရုပ်ရှိလျှင် ရောဂါ ရှိသည်။ ရောဂါသည် အဆန်းမဟုတ်။ ရုပ်ရှိခြင်းကြောင့် ရောဂါဖြစ်နေသည်။ ဝေဒနာက တော့ဆန်းသည်။ မခ...
go
https://free.facebook.com/free_redirect_to_msite/?src=https%3A%2F%2Ffree.facebook.com%2Fstories.php%3Faftercursorr%3D1465958257%253A1465958257%253A9%253A6836046305007252810%253A1465958039%253A0%26tab%3Dh_nor%26__m_log_async__%3D1%26refid%3D8&target_cursor=MTQ2NTk1ODI1NzoxNDY1OTU4MjU3OjEzOi03MDkyOTM3MTQzNjM4OTExODM5OjE0NjU5NTczNjk6MA%3D%3D&opera_mini_nonce=890786113&trigger_id=m_photo_open&story_id=S%3A_I467915906620910%3A1070759006336594&refid=28&_ft_=qid.6296242772112131436%3Amf_story_key.7372382094781390585&__tn__=E
Tuesday, June 14, 2016
တောင်လုံးကျော်
တောင်လုံးကျော်ပန်း
~~~~~~~~~~~
အရိုးတံ သွယ်သွယ်ထက်မှာလ
တစ်မျိုးဟန် တွယ်ယှက်ပါတဲ့
အရွယ်ညှက် မာလာ ။
ခရမ်းပြာ သွင်ပြင်ထူးရယ်နဲ့
လန်းဖြာ ရွှင်ရွှင်မြူးဟာမို့
မောင့်ဖူးစာ ခင်ခင်လေးကိုဖြင့်
စောင့်ခူးကာ ဆင်ယင်ပေးသော်လည်း
မမွှေးကြိုင် မသင်းမြ၍
ပစ်ချဖယ်ခွာ ။
မပျံ့သင်းပေမယ့်
သန့်ရှင်းကာ ရှုမက်မဆုံးဟာမို့
ရနံ့ကင်းကွာ သူ့တစ်သက်လုံးကိုဖြင့်
ရှုံးမခံ လျော့မပေး
ပန်သူဝေးလည်း စိတ်မနာ
သိက္ခာ နှင့် ဆက်လှမ်း ။
ပိတုန်းနှင့်လိပ်ပြာ
ရောက်မလာ မခြွေဖျက်ပါလို့
ခြောက်ကာ ကြွေပျက်သည်ထိ
ရိုးတံထက် မာန်ဝင့်၍
ဖိုးတန်လျှက် ဟန်တင့်တော့
စာဆင့်ကာ အပြိုင်မွှန်းပါတဲ့
ပန်းမကိုဋ် တော်ဝင်သည့်
ဘော်သဇင် မမီရှုံးရတဲ့
တောင်လုံးကျော်ပန်း ။ ။
လေးချိုး
ဖြိုးနိုင်ထွန်း (ငွေဆောင်-သဇင်)
14/06/2016
ခတ္တာ
လေးကြိုးကြာပန်း
~~~~~~~~~
နုစိုစို ရိုးတံညက်မှာလ
သူ့လိုလို ထိုးကန်ထွက်နိုင်ဖို့
သန်လျက်ဖျား ဗီဇပါ ။
အဖူးငယ် ပွင့်အာစမှာဖြင့်
ထူးတလည် တင့်ကာလှပါတဲ့
ခွင့်သာမှ ပွင့်ရပန်းက
လန်းဆန်းဝေဖြာ ။
အဝကျယ် အညှာကောက်ကယ်နဲ့
အလှကြွယ် အခါရောက်သော်လည်း
မကြိုင်လှောက် နံ့ချူချာ၍
မေကညာ မပန်သုံးဟာမို့
ကြွေကျကာ တစ်ဖန်ဆုံးပါတဲ့
သုံးသူမဲ့ မာလာ
သူ့ဘာသာ ပွင့်လန်း ။
ပျိုမပန်
မလိုပြန် ပယ်ချသော်လည်း
နဂိုဟန် တစ်ကယ်လှဟာမို့
အသုံးပြုလို လူအများက
မြတ်ဘုရားထံ ဆက်သ၍
သွင်မတူ အဆင်သွေးရယ်ကြောင့်
မြင်သူ ဘဝင်အေးစေတဲ့
လေးကြိုးကြာပန်း ။ ။
လေးချိုး
ဖြိုးနိုင်ထွန်း (ငွေဆောင်-သဇင်)
13/06/2016
ဒေသိယအခေါ်အရ လေးကြိုးကြာလို့ ခေါ်ပါတယ်
အခေါ်အဝေါ်ကွဲလွဲနိုင်ပါတယ်
ဂုဏ်
(၂၃)
ဂုဏ်
_______
ဈေးနဲ့နီးရာ ၊ လမ်းသာသာ၌
သွားလာပြန်မြဲ ၊ လူမစဲတည့်
ခြင်ဝဲပုတ်လှောင် ၊ ကြွက်သေကောင်သည်
နံဟောင်သွေးစက် ၊ လမ်းမထက်မှာ
ပက်လက်လန်၍ ရှိတကား ။
ချမ်းသာ,ဆင်းရဲ ၊ လူမစဲတည့်
သွားမြဲသွားလာ ၊ မြင်ကြပါလည်း
နေသာလက်တုံ့ ၊ နှာခေါင်းရှုံ့၍
ခေါင်းငုံ့သွေဖန် ၊ မသိဟန်ဖြင့်
မြန်မြန်လှမ်း၍ ကျော်သွား၏ ။
သို့မကြာလိုက် ၊ ဒရွတ်တိုက်ပြီး
ခွက်ပိုက်တေးဆို ၊ အဘိုးအိုကား
ထိုသည့်နေရာ ၊ ဒရွတ်လာ၍
ပုစ္ဆာဖြေထုတ် ၊ ခေါင်းကိုကုတ်လျက်
ကြွက်ပုတ်ဖယ်ရှင်း လိုက်တော့၏ ။ ။
လင်းခန့်
15-1-16(6:23-pm)
ဂုဏ်
_______
ဈေးနဲ့နီးရာ ၊ လမ်းသာသာ၌
သွားလာပြန်မြဲ ၊ လူမစဲတည့်
ခြင်ဝဲပုတ်လှောင် ၊ ကြွက်သေကောင်သည်
နံဟောင်သွေးစက် ၊ လမ်းမထက်မှာ
ပက်လက်လန်၍ ရှိတကား ။
ချမ်းသာ,ဆင်းရဲ ၊ လူမစဲတည့်
သွားမြဲသွားလာ ၊ မြင်ကြပါလည်း
နေသာလက်တုံ့ ၊ နှာခေါင်းရှုံ့၍
ခေါင်းငုံ့သွေဖန် ၊ မသိဟန်ဖြင့်
မြန်မြန်လှမ်း၍ ကျော်သွား၏ ။
သို့မကြာလိုက် ၊ ဒရွတ်တိုက်ပြီး
ခွက်ပိုက်တေးဆို ၊ အဘိုးအိုကား
ထိုသည့်နေရာ ၊ ဒရွတ်လာ၍
ပုစ္ဆာဖြေထုတ် ၊ ခေါင်းကိုကုတ်လျက်
ကြွက်ပုတ်ဖယ်ရှင်း လိုက်တော့၏ ။ ။
လင်းခန့်
15-1-16(6:23-pm)
Thursday, June 9, 2016
ကုသခက်သူ
ကုသခက်သည့်သူ
ရုပ္ပတီတိရောဂေါ ရုပ်ရှိလျှင် ရောဂါ ရှိသည်။ ရောဂါသည် အဆန်းမဟုတ်။ ရုပ်ရှိခြင်းကြောင့် ရောဂါဖြစ်နေသည်။
ဝေဒနာက တော့ဆန်းသည်။ မခံမရပ်နိုင်ဖြစ်ရတော့သည်။ ဝေဒနာ ဘယ်ကလာသနည်း။
ဖဿ ပစ္စ ယာ ဝေဒနာဟုဆိုသည်။
ဖဿ သည်ကား တွေ့ထိမူဟု ဘာသာပြန်ဆိုရမည်။ ဖဿ အကြမ်းစားများနှင့် တွေ့ထိလေတိုင်း ဝေဒနာ တက်သည် ကျသည်ကို ကိုယ်တိုင် လေ့လာသင့်သည်။ တချို့ ကား ဖဿ အနုနှင့်တွေ့ ၍ ဝေဒနာ အတက်အကျ ဖြစ်တတ်လေသည်။
တွေ့ထိသမျှ ဟူသမျှကို ဖဿ ဟုဆို ရပေမည်။ အေးသောအရာများ ပူသော အရာများ ကြေညက်ခဲသောအရာများ တက်လွန်း သက်လွန်း သော အဟာရများ
အားလုံးသည် လွန်ကျူး သောဖဿ များပင်ဖြစ်၏။ လွန်ကျူး သည့် ဖဿ များ ကို ရှောင်လျှင် ဝေဒနာ ပျောက်တော့သည်။ စကားချပ်။ ။ သူတပါးပြု နှင့် အတိတ် ဝဋ်ကံနာ မပါဝင်ပေ။
ကိုယ်တိုင်ပြု ဖြစ်သော လွန်ကျွံ နေသည့် ဖဿ ဿ ကား အဆိုးဆုံး ကုသရ အခက်ဆုံးဖြစ်သည်။ ဥပမာ အရက် ဆေးလိပ် ကွမ်း အလွန်အကျွံ သောက်ခြင်း။
ထိုကြောင့်
ဆရာ များစွာက
အကြင်တို့ သူတို့ကို ကုသ
ထိုသို့ပင် ကိုယ်ပင် ကိုယ်ကုသ
ကုသဖွယ် ကိုယ်ဝယ်လို ကုသ
ကိုယ်ရှင်ထက် ခက်သူမရှိကြဟု
ကဗျာဖွဲ့သီ ခဲ့ကြပေသည်။
လောကတွင် ဆိုဆုံးမ၍ အခက်ခဲဆုံးသည် တခြား မဟုတ်ပါပေ။ ကိုယ်သာလျှင် ဖြစ်သည်ဆိုလျှင် မမှားတန်ရာဟုသာ ဆင်ခြင် မိပါသည်။
အမှားမြင်က ပြင်ဆင်နိုင်စေ
အမှန်မြင်က ဆင်ခြင်နိုင်စေ။ ။
ကိုအောင်လင်းဝေနိုင်း (ကိုဧည့်သည်)

Tuesday, June 7, 2016
ကျော်ထွန်းဦး (ဟာသ၊သရော်စာနှင့်အခြားမှတ်စုများ): [ မသိလို့ မေးတဲ့ဟာကို---]
ကျော်ထွန်းဦး (ဟာသ၊သရော်စာနှင့်အခြားမှတ်စုများ): [ မသိလို့ မေးတဲ့ဟာကို---]: ပြောလို့ ပြောတာဟုတ်ဘူး တို့လေးလေးက သေချာကြည့်ရင် အရမ်းကို သပ္ပာယ်ဘို့ကောင်းတာပါလား ဟေ---ချောတယ်လုပ်ပါဟ အင်း---ကျနော် စကားလုံး မရှာတတ်လို့ ...
wai lin aung: ကျော်ထွန်းဦး (ဟာသ၊သရော်စာနှင့်အခြားမှတ်စုများ): [ ...
wai lin aung: ကျော်ထွန်းဦး (ဟာသ၊သရော်စာနှင့်အခြားမှတ်စုများ): [ ...: ကျော်ထွန်းဦး (ဟာသ၊သရော်စာနှင့်အခြားမှတ်စုများ): [ မသိလို့ မေးတဲ့ဟာကို---] : ပြောလို့ ပြောတာဟုတ်ဘူး တို့လေးလေးက သေချာကြည့်ရင် အရမ်းကို သပ္ပာယ်...
ကျော်ထွန်းဦး (ဟာသ၊သရော်စာနှင့်အခြားမှတ်စုများ): [ မသိလို့ မေးတဲ့ဟာကို---]
ကျော်ထွန်းဦး (ဟာသ၊သရော်စာနှင့်အခြားမှတ်စုများ): [ မသိလို့ မေးတဲ့ဟာကို---]: ပြောလို့ ပြောတာဟုတ်ဘူး တို့လေးလေးက သေချာကြည့်ရင် အရမ်းကို သပ္ပာယ်ဘို့ကောင်းတာပါလား ဟေ---ချောတယ်လုပ်ပါဟ အင်း---ကျနော် စကားလုံး မရှာတတ်လို့ ...
Sunday, June 5, 2016
Invitation
Foreigners are cordially invited to meditate the insight knowledge under the aegis of Mogoke Sayadawgyi's follower U Jotika,a spiritual teacher in Yangon,Myanmar.Contact us at Abbot 09401600157 and U Minn Thiha 09796867926.The address is Myanandar Street,Ward (126),Dagon East,Yangon.Mogoke Dhamma Aung Yadanar Meditation Center.Gmail:soetheinkyaw12@gmail.com
Not to do evil
မကောင်းမှုရှောင်၊ကောင်းမှုဆောင်၊ဖြူအောင်စိတ်ကိုထား၊ဘုရားတိုင်းသာမိန့်လို့မှာ၊သုံးဖြာဤစကား။
ဆရာဦးမင်းသီဟ၊၁၂၅ ရပ်ကွက်၊ဒဂုံအရှေ့။
Not to do evil, to cultivate merit,
to purify one's mind- this is the Teaching of the Buddhas.
U Minn Thiha, Ward 125,Dagon East.
ဆရာဦးမင်းသီဟ၊၁၂၅ ရပ်ကွက်၊ဒဂုံအရှေ့။
Not to do evil, to cultivate merit,
to purify one's mind- this is the Teaching of the Buddhas.
U Minn Thiha, Ward 125,Dagon East.
Thursday, June 2, 2016
EX - ABSDF: ကျွန်ုပ်၊ဝန်ကြီးပဒေသရာဇာနှင့်မြူထသောနွေဦး (မင်းဒ...
EX - ABSDF: ကျွန်ုပ်၊ဝန်ကြီးပဒေသရာဇာနှင့်မြူထသောနွေဦး (မင်းဒ...: မင်း ဒင် (တစ်) “ဟာ၊ငတို့ဆြာ၊ခါးတောင်ကိုမြောင်နေအောင်ကျိုက်လိုက်တော့ ၊ပေါင်လုံးကြီးတွေက၊ကောက်ညှင်းကျည်တောက် လောက်ကိုရှိသဟေ...
ကဗျာ
EX - ABSDF: ရွာကျောင်း: Aung Cho ခနော်ခနဲ့ ယိုင်ရွဲ့စောင်းစောင်း နွမ်းလျှ ရွာကျောင်းပူခြစ်ခြစ်မှာ တစ်ရွာလုံးက ချစ်လို့ ရွာခန့်အဖြစ် ဆရာမအသစ်ကို ဈေးမဆစ...
EX - ABSDF: သဘောတရားအတူတူပဲ
EX - ABSDF: သဘောတရားအတူတူပဲ: နိုင် လင်း ထွန်း " ငါယိုးမ NLD အစိုးရသစ် မီးကလည်း ပျက်သေး မိုးရွာတော့ ရေကလျှံသေး ဆန္ဒပြတော့ ဖမ်းသေးတယ်၊ မဲေ...
wai lin aung: မေတ္တာကမ္ဘာ: မဃဒေဝလင်္ကာသစ် (ပ- လောကဟိတစရိယခဏ်း)
wai lin aung: မေတ္တာကမ္ဘာ: မဃဒေဝလင်္ကာသစ် (ပ- လောကဟိတစရိယခဏ်း): မေတ္တာကမ္ဘာ: မဃဒေဝလင်္ကာသစ် (ပ- လောကဟိတစရိယခဏ်း) : ၆။ သံဝေဂကြီး, ကမ္ဘာမီးသို့, စောဓီးမင်းမြတ်, အမြဲမှတ်၍, ထိုဆတ္တာသည်, မိန့်တိုင်းတည်အား, လွန်ကြည...
Subscribe to:
Posts (Atom)