Wednesday, March 30, 2016
EX - ABSDF: ဂျပန်ကို အတုယူ၍ မြန်မာပြည်အပေါ် ဗိုလ်ကျလိုမှုကို ပြေ...
EX - ABSDF: ဂျပန်ကို အတုယူ၍ မြန်မာပြည်အပေါ် ဗိုလ်ကျလိုမှုကို ပြေ...: BrainWave ဉာဏ်လှိုင်း (တရုတ်အစိုးရ အာဘော် Global Times သတင်းစာတွင် ယူနန်တက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာနမှ တရုတ်ပါမောက္ခတစ...
Tuesday, March 29, 2016
EX - ABSDF: ဂျပန်ကို အတုယူ၍ မြန်မာပြည်အပေါ် ဗိုလ်ကျလိုမှုကို ပြေ...
EX - ABSDF: ဂျပန်ကို အတုယူ၍ မြန်မာပြည်အပေါ် ဗိုလ်ကျလိုမှုကို ပြေ...: BrainWave ဉာဏ်လှိုင်း (တရုတ်အစိုးရ အာဘော် Global Times သတင်းစာတွင် ယူနန်တက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာနမှ တရုတ်ပါမောက္ခတစ...
Monday, March 28, 2016
နှောင်း ခဲ့လေသော မေတ္တာ
မိုးနှောင်း အလွန်အတွေး
တချိန်က မိုးကောင်းတုံး ရွာခဲ့ကြသည်။ ရေများရာ မိုးမရွာ သင့်မှန်း သိကောင်းပါလျက် မသိခဲ့ကြချေ။ မိုးရွာ တုံး ရေခံကြသည် မှန်သော်လည်း ကိုယ့်လက်တကမ်းသာ။
ယခု  
မိုးလွန်မှ ထွန်ချ ချင်နေ ၍ အရာ ရောက်မည် မဟုတ်တော့။ မေတ္တာ မိုးတွေ သွန်းဖြိုးခွင့် ရစဉ်က မိသားစုအတွက်သာ ကွက်ကြားမိုးလေးပဲ ရွာခဲ့ကြသည်ကို ပြည်သူက မမေ့ တော့နိုင်။
ယခုရွာချင်နေသော မိုးသည် ပြည်သူ အတွက် အခါလွန်မိုးမျှသာ။
နောက်ထပ် တနှစ်လောက်များး
ရာသီ ချိန် မိုးကို မျှော်လင့်ရင်း မိုးဦး ကိုစောင့်လျှက် ပျိုးကျဲရန် အသင့်ပြင်ရဦးမည်။
ကိုနိုင်း  
Tuesday, March 22, 2016
H
https://m.facebook.com/Aunglinwai999konine-1977402785818923/https://m.facebook.com/Aunglinwai999konine-1977402785818923/
https://m.facebook.com/Aunglinwai999konine-1977402785818923/
http://aungthapyae999. blogspot.com
မသိသူ ကျော်သွား
http://makeyourowneconomy.biz
ဖြစ်ချင်ရာ ဖြစ်စေသတည်း။ မည်သို့ ပင် အကျိုးပေးသညိဆိုစေ ခံယူရပေမည်။
http://makeyourowneconomy.biz
Tuesday, March 8, 2016
ဖိုးရွှေလမင်း
ဖိုးရွှေလ
*********
ချစ်စရာ့ အသွင် ဘုန်းကံရှင်
တစ်မျိုးယဉ် အမြင်ဆန်း
ဖိုးရွှေလ ပင် ။    ။
ဖျတ်ကနဲမြင် ထပ်အမြဲ ပင်
ကြည့်ချင်ပါသေး
ချမ်းမြအစဉ်။      ။
ပန်းသဇင်ပမာ နန်းပလ္လင်
ထက်မှာလ ဝင်းဝင် ပပ
မြင်ပါရ ဆွေသဟာအပေါင်း
အေးစေဖြာ ရေစင်လောင်း ။       ။
 စမ်းရေ ဖြာ တသွင်သွင်
မျိုးဂုဏ်အင် ဖြူစင်ပေါင်း
တင့်တယ်ပေကြောင်း။      ။
ကိုနိုင်း
March 8, 2016
4:23
ပြန်တွေ့ရတဲ့ကဗျာ
ပျောက်ဆုံးသွားသည် ကဗျာဖြစ်သည်။ အွန်လိုင်းပေါ်က ပြန်တွေ၏။ စကင်ရှော့ရိုက်မိသည်။ နောက်တကြိမ် ပြန်ရေးဟုဆိုပါက မရေးနိုင်တော့ချေ။ ကိုယ်ရေးသောကဗျာ ဆိုတိုင်း ပြန်းမရေး တတ်တော့။
ဖိုးရွှေလမင်း
ဖိုးလပြည့်
*********
ချစ်စရာ့ အသွင် ဘုန်းကံရှင်
တစ်မျိုးယဉ် အမြင်ဆန်း
ဖိုးရွှေလ ပင် ။    ။
ဖျတ်ကနဲမြင် ထပ်အမြဲ ပင်
ကြည့်ချင်ပါသေး
ချမ်းမြအစဉ်။      ။
ပန်းသဇင်ပမာ နန်းပလ္လင်
ထက်မှာလ ဝင်းဝင်း ပပ
မြင်ပါရ ဆွေသဟာအပေါင်း
အေးစေသာ  ရေစင်လောင်း ။       ။
 စမ်းရေ ဖြာ တသွင်သွင်
မျိုးဂုဏ်အင် ဖြူစင်ပေါင်း
တင့်တယ်ပေကြောင်း။      ။
ကိုနိုင်း
March 8, 2016
4:23
Friday, March 4, 2016
တွေးမိသမျှ
အချိန်ဖြုန်းသူ
ယခုအချိန်ထိ မည်မည်ရရ ဘာမျှ မလုပ်နိုင်သေး။ ဥာဏ် မရှိခြင်းကြောင့် မောဟဖြင့်သာ အချိန်ကုန်ခဲ့သည်။ ကြွားဝါ ခြင်းဟန်လုပ်ခြင်းတို့ဖြင်ဖြုန်းတီး ခဲ့သောကာလများ ကလည်း မနည်းမနော။ ရောဂါဘယနှိပ်စက် သောကြောင့်လည်း အချိန်တို့ သည် ကုန်လွန်ခဲ့ရပြန်သည်။ ပညာသင်ကြားချိန်  နှင့် ပညာသင်ကြားခြင်းကို အကြောင်းပြု၍ တေခဲ့ လေခဲ့သော ဖြုန်းတီခဲ့သော အချိန်များ။
မသိ၍ မလုပ် သိပြန်ကလည်း ဝိရိယ နည်းပါခြင်းကြောင့် မလုပ်ဖြစ်သည်ကလည်း အကြိမ်ကြိမ်။ အပျော်အပါး နောက်လိုက်မိ၍ အလဟဿ ကုန်ခဲ့သည် အချိန်များ။
အဖိုးတန်လွန်းလှသော အချိန် အကျိုးအပဲ့ အကြွေ အလေအလွင့်များကို ယခုမှပင် နှမြောရကောင်းမှန်သိလေသည်။
အချိန်သည် အဖိုးထိုက်တန်လှ၏ ဟု လူကြီးသူမ တွေ ပြောလွန်းလှသည်။ ကြားရစဉ်က မယုံမိ။ အနာဂတ်တွင်
တန်ဖိုးရှိသမျှ အချိန်နှင့်သာ ချိန်စက် ရတော့မည်။ အတိတ်ကလည်း ထို့ အတူ။
အချိန်သည် တန်ဖိုး အနမတဂ္ဂ ထိုက်တန်လှကြောင်း အချိန်လွန်မှသိသည်ကလည်း လူဘဝ ၏ အနှစ်သာရ တစ်ခု ဆိုရလျှင်
ကိုအောင်ဟိန်း
March 3 , 2016
9: 36 AM