Hete is my blog. I am wai lin aung. Some of my friends know me Ko Aung Hein. I have many different names because I have different kinds of different reasons. I don't want to reperat again. Ko E' The
Sunday, February 28, 2016
Saturday, February 20, 2016
ရောက်တတ်ရာရာ( နွေပန်းချီ )
နွေနေသည်ပူပြင်းလှ၏။ အပြင် မထွက်နိုင်။ အိမ်တွင် ငေးမှိုင်၍သာ နေမိတော့သည်။ တခါတရံ ငှက်သံလေးများကြားနေရသည်။ အတွေးတို့ သည် အိမ်တွင်မနေ လှည့်လည်၍သာကျက်စားနေလေတော့သည်။ ဟိုမှသည် သည်မှဟို တနေရာတည်းတွင် တည်ငြိမ်စွာ နေခြင်းမရှိပါတကား။
တခါကရေမိသော ကဗျာလေးကို သတိရ မိသည်။ အလွတ်မရတော့ချေ။ နွေဦးပန်းချီ လားမသိ။ ယခုအချိန်ကား သင့်တော်လှသည့်ရာသီစာဖြစ်သည်။
နွေပန်းချီ
********
နွေဦး ပန်းချီ
နေချည် နုအေး
လေရူးပွေလီ ညာဘယ်ဆီ
လှည့်လည် စမ်းပ
တောင်မြောက်ဘယ်ဆီ
ဘယ့်ဆီမှန်းဆ တမ်းတ မျှော်ရည်။ ။
ဆည်းဆာ မှောင်ရီ
လေပြည် ချိုသွေး
ငှက်ကျေးတေးသီ ခွန်းဆိုမြည်
တွဲ့သီ ပန်းလျှ နွမ်းတခေါ် သည်
မယ့်ဆီ လွမ်းစ ကာလတာရှည်။ ။
ဆန်းစ သော်တာ
ရောင်ဖြာ ယှက်ထွေး
ကြယ်လေးငွေရည် လင်းလက်သည်
ထက်ဆီနန်း က လျှမ်းပ ရောင်ခြည်
လဲ့ပီ ဆန်းလှဖြန်းချ ငွေမင်ရည်။ ။
်
ကို ဧည့်သည်
Nov 27, 2015
8:30 AM
မှန်ရာကိုဆိုရပါမည်။ ဘယ်သို့ ရော်ရမ်း ဘယ်ကို မှန်းပြီး လွမ်းရမည်ကို မသိပါချေ။ အမှန်တကယ် မလွမ်းတတ်ပါ။အလွမ်းဓါတ်ခံ ရှိ၍ လားမဆိုနိုင် စာကိုရေးရင်း ပြန်လည်ဖတ်ရင်း လွမ်းသလိုလို ဖြစ်မိပါသည်။ ကိုယ့်ငါးချဉ်မို့ ကိုယ်က ချဉ်မိနေလား ဝေခွဲရ ခက်မိသည်။
မည်သို့ ဆိုစေ
စာဖတ်သူတို့ လည်း လွမ်းတတ်ပါက လွမ်းကြပါကုန်။ လွမ်းသလို ဆွေးသလို တေးဆိုနေသော ဥသြငှက်ပျို ၏ တွန်ကျူးသံကို ကြားယောင်လာပါက ဖုန်အလူးလူး လေပွေရူးကို မြင်ယောင်လာပါက ညအမှောင်တိုက်က လင်းလဲ့ငွေကြယ် တင့်တယ်နေပုံကို မြင်ယောင်လာပါက အလွမ်းဓါတ်ခံ ရှိသည်ဟုသာ ဆိုပါရချေတော့မည်။ ရေးသူဖက်မှ တာဝန်ကျေပြီ ဆို လျှင် စာဖတ်သူလည်း တာဝန်ကျေရန် ကိုယ့်တာဝန်ကိုယ်ထမ်း မျက်လုံးမှိတ်ပြီး လွမ်းကြပါကုန်။
ကိုအောင်ဟိန်း
်
Saturday, February 13, 2016
Friday, February 12, 2016
ဖေဖော်ဝါရီ ၁၃ ဗိုလ်ချုပ်မွေး နေ့ 
ကိုယ်တိုင်ခန့် ကာချုပ်
ဝမ်းနည်းရမှာဖြစ်၏။ ပင်စင်ပေးခြင်း ဆိုင်ရာ ဥပဒေကို ဖောက်ဖျက်သည်။ ကက်ဘိနက် အသစ်က တောင်းဆိုလျှင် ဆက်လက်ထမ်းဆောင်စေ။ အစိုးရသစ်၏ လုပ်ပိုင်ခွင့်ကို မောင်ပိုင်စီးမူဖြစ်သည်။ ထိုထက်ဆိုးသည်ကား အာဏာ ဖီဆန်မူဖြစ်သည်။
ပင်စင်ပေးခြင်းဆိုင်ရာ ဥပဒေကို အများသူငါသိအောင် တင်ပြီးမှ ဥပဒေ အတိုင်းဆောင်ရွက်ပါ။ သို့ တည်းမဟုတ် ၁၉၉၀ ခု စစ်တပ်က ရေးဆွဲသော အခြေခံဥပဒေ က ပြဌာန်းချက်အတိုင်း ကာချုပ်ကို အာဏာအပ်နှင်းခြင်းဆိုင်ရာ ဥပဒေအတိုင်း အပ်နှင်းပါက အနည်းငယ် သိက္ခာရှိလာနိုင်သေးသည်။ ထိုသို့ မဟုတ်ပါက အာဏာ လုခြင်း သက်သက်သာဖြစ်၏။
ကိုဧည်သည်
Monday, February 8, 2016
Wednesday, February 3, 2016
aungthapyae9: ကျိုးစားရပါဦးမည်
aungthapyae9: ကျိုးစားရပါဦးမည်: ဒီမိုကရေစီ ။ အတွေးအခေါ် ၊ ။ အလေ့အကျင့် ၊ ။ လုပ်ထုံးလုပ်နည်း၊ ။ စည်ကမ်း ။ အမူ အကျင့်...
Tuesday, February 2, 2016
အောင်ဝေး: မစ်ရှီဂန်မှငမိုးရိပ်သို့ 
အောင်ဝေး: မစ်ရှီဂန်မှငမိုးရိပ်သို့ : အားမာန်သစ်စာပေမှ ဖြန့်ချိလိုက်ပါပြီ၊ တန်ဖိုး ၁၅၀၀ ကျပ်
Subscribe to:
Posts (Atom)



