Wednesday, July 27, 2016



"""နှုတ်တစ်ရာ စာတစ်လုံး ""
--------------------------------------- ( အချိုးတွဲ )

ကိုယ်ရေးတဲ့ကိုယ့်စာ
ကိုယ့်ပညာ ကိုယ့်သမိုင်း။

ကိုယ့်အရိပ် ကိုယ်နင်းလို့
ရှင်းရဲမှရိုင်း။        ။                 ( ဒွေးချိုး )

ကိုယ့်စာတွင် ပမာနှိုင်းပါတဲ့
ဝိုင်းရံခဲ့ ဥပမာ
အပြုတွေဟာ။

ထင်နေတာ
မြင်စေရာ ကိုယ့်အကြောင်း။

ဘယ်လိုလူ ဘယ်အတန်း ရယ်နှင့်
ဘယ်လမ်းက လာပါသည်
စာအစီ  မြင်ကာသိတာမို့ (  တြိချိုး )
သတိ ထပ်လောင်း။      ။

ကိုယ့်ဂုဏ်ကို ဖယ်ခွာပြောင်း
စကားပေါင်း အလီလီ။

တစ်လုံးစာ ရေးသားချက်
ကြည့်လျှက်သိသည်။

နှုတ်စ တစ်ရာ
ထုတ်ဟကာ မပြောလည်း
သဘောထဲ ဘယ်သို့ရည်နဲ့ရယ်
စိတ်ထဲတည် အကုန်သိ။

သတိကပ်  ပညာဉာဏ် ရယ်
အသိအပ်  စဉ်သာဖန်ကွယ်
မြင်ရှာပြန် ကိုယ့်အခင်း ပေမို့
စိတ်တွင်းပြ ကိုယ့်စာများကိုဖြင့်
ပွားကြည့်မြင် သုံးသပ်ပါလို့
ထိန်းအပ်ပါ၏။         ။              (      လေးချိုး     )

နန်းဧ ကရီ

Saturday, July 23, 2016

Emancipation

Hero to Zero
*************
Zero become Hero.
No one know Zero.
Zero know Hero.
Zero light to go on Hero.
The most important thing is that
The smallest Zero
Change to be the biggest Zero,
The biggest Hero
Change to be the smallest Hero.
Zero behave nothing.
Zero can make infinity win.

Ko E' The
July 23, 2016
15:21PM

Thursday, July 21, 2016

အဖိနှိပ်ခံတို့ အသံ: အုတ်တစ်ချပ် သဲတစ်ပွင့်

အဖိနှိပ်ခံတို့ အသံ: အုတ်တစ်ချပ် သဲတစ်ပွင့်

အဖိနှိပ်ခံတို့ အသံ: တရားဥပဒေ စိုးမိုးခြင်း လုံးဝမရှိသော နိုင်ငံ (၁)

အဖိနှိပ်ခံတို့ အသံ: တရားဥပဒေ စိုးမိုးခြင်း လုံးဝမရှိသော နိုင်ငံ (၁)

အဖိနှိပ်ခံတို့ အသံ: ဆရာမောင်မောင်ဝမ်း

အဖိနှိပ်ခံတို့ အသံ: ဆရာမောင်မောင်ဝမ်း

အဖိနှိပ်ခံတို့ အသံ: အုတ်တစ်ချပ် သဲတစ်ပွင့်

အဖိနှိပ်ခံတို့ အသံ: အုတ်တစ်ချပ် သဲတစ်ပွင့်

Wednesday, July 20, 2016

တွေ့ရ ကြုံ ရ

အတွေ့ရယ်မှ အကြုံ
*************
ဆယ်တန်း ပထမ အကြိမ်ကျသည့်နှစ်က ဖြစ်သည်။ ထိုနှစ်က မှတ်မှတ်ရရ အဖေ နှင့် မတည့် ပေ။ ဘာကြောင့်မတည့် သည် မမှတ်မိတော့။ စကားပြော အပေါက် အလမ်း မတည့် ခြင်း ဟု ထင်သည်။ ဆယ်တန်း မဖြေ၍ ပြဿ      နာ ဖြစ်သည်က အစပြု သည်။ မတည့်တော့ အိမ်မှာမနေချင်။

 အတိုချုပ် ပြောရလျှင် အဒေါ် အိမ်ရောက်သွားသည်။ အဒေါ်နာမည်က ငြိမ်းငြိမ်း။ နာမည်အပြည့်အစုံ က ဒေါ်ကျင်ငြိမ်း။
ကျနော်က ငြိမ်းငြိမ်းဟု ခေါ်သည်။(ငြိမ်းငြိမ်းသား ကိုကို( ကျနော့် ညီဝမ်းကွဲ )နှင့် အွန်လိုင်းပေါ်တွင် ထူးထူးဆန်းဆန်း တွေ့ ရပုံကို ရေးပါဦးမည်။ )

ြိငိမ်းငြိမ်းသည် ကျနော်ကို အိမ်တအိမ်သို့ ခေါ်သွားသည်။ ဦးလေးဖြစ်သူလည်းပါသည်။အဒေါ်၏ အမျိုးသား။နာမည်ကား ဦးလှမြင့်။

ထိုအိမ်ကား ကြည့်မြင်တိုင် တက္ကသိုလ် နှင့် မျက်စောင်းထိုး။ လိပ်စာ မမှတ်မိတော့။ ဘယ်သူ့ အိမ်မှန်းလဲ မသိ။
သိရန်လည်းမလိုချေ။

အိမ်ပေါ်ရောက်တော့ လူအယောက်နှစ်ဆယ်ခန့် စုထိုင်နေကြသည် ကို တွေရသည်။ ထူးခြားသည်က ဘုရားစဉ်အောက်တွင်ထိုင်နေသည်ပုဂ္ဂိုလ်။ ခြေတဖက်မရှိ။ မျက်လုံးက တဖက်လပ်။အနားတွင် ချိုင်းထောက်တချောင်း က အဆင်သင့်။
တက်လာသူတိုင်းက ကန်တော့ကြသည်။ စိတ်ထဲတွင် အူကြောင်ကြား ဟု ထင်မိသည်။

ဦးလေးနှင့် အဒေါ် က လည်း ကန်တော့သည်။ ကျနော်က လူအားလုံး၏ နောက်နားမှာ နေသည်။ သည်လိုပဲ ဖာသိဖာသာ။ ကန်တော့ ရမည်လဲမသိ။ သူတို့ လုပ်ချင်တာလုပ် ကြည့်နေသည်။ ဘာတွေလုပ်မှန်းမသိ။ ထူးခြားပေစွ။

ရောက်နေတာ မိနစ်သုံးဆယ်ခန့်ကြာပြီဟု ထင်မိသည်။ ပျင်းတင်းတင်းဖြစ်လာသည်။ တောင်ငေးမြောက်ငေးနှင့် နေ သည်။ ခဏကြာတော့ ဘုရားစင်အောက်က ပုဂ္ဂိုလ်က သူ့ အနားလာရန် ခေါ်လေသည်။

ရှေ့ကို တိုးကပ်သွားသည်။
မင်း ဘာဖြစ်လို့ မကန် တော့တာလဲ။
ကျနော် ကြောင်သွားသည်။ ဘာဖြေရမှန်းမသိ။
ပြီးမှ

မကန်တော့ချင်၍ မကန်တော့တာ ဟု ဘုတော လိုက်သည်။
ကျေနပ်ပုံ မရချေ။

အဖြေကရှင်းပါသည်။ သူ့ကို ကျနော် ကန်တော့ရန်မလို။ ကန်တော့ရန် လိုက်လာခြင်းလဲ မဟုတ်။ အဖော်လိုက်လာခြင်းမျှသာ။ အဒေါ် ကခေါ်၍ လိုက်လာသည်။ နောက်နားမှာ အေးအေးဆေးဆေး ထိုင်နေသည်။ သူ့က ရှေ့ကိုခေါ်သည်။ ကန်တော့ခိုင်းသည်။ရတနာသုံးပါးမှ တပါး ဘယ်သူမှ မကန်တော့ချင်။

အဒေါ်နှင့်ဦးလေး ဘာဖြစ်နေမည်ကို မသိပါ။သတိလဲမရ။ လှည့်ကြည့်လိုက်တော့ လူ အယောက် လေးဆယ်ခန့် ရှိသည်။ များလှပေစွ။တဖြည်းဖြည်းလူများလာသည်။

ထိုပုဂ္ဂိုလ်က ဆက်လက်ပြီးမေးသည်။
ဘာလုပ်သနည်း။ ပြန်ဖြေလိုက်သည်။ အလုပ်မရှိ။
မင်းငါနှင့်လိုက်မလား။
ကျနော်ကလည်း ရှင်းရှင်းပြန်ပြောသည်။ ထမင်းကျွေးရင်လိုက်မည်ဟူ၍ ဖြစ်သတည်း။
သည်လိုပဲ တိုတို ပြတ်ပြတ်ဖြေသည်။ ပြောသည်။

ဘယ်သွားမှာလဲ ဘာလုပ်တာလဲဟု ကျနော့်အမေးကို ဘိုကလေးသွားမှာ ဘုရားအို ဘုရားဟောင်းများ ပြင်မှာဟု ပြန်ဖြေသည်။

 ထိုစဉ်က
ကျနော့်အတွက် ခက်နေသည်က ထမင်း။မိဘ အိမ်မှာလဲ သူတို့သဘောကျ စာမေးပွဲ မဖြေ၍ ထမင်းမစားချင်။
မိဘအလိုအတိုင်းနေ ကျွေးတာစား ။ စာမေးပွဲဖြေ။ ဒါက သူတို့ဆန္ဒ။

 အဒေါ်အိမ်တွင်လဲ ကြာကြာမနေချင်။မနေသင့်။ အဲသည်လောက်တော့သိသည်။ ကျန်တာမသိ။ အိုကေပြီ ထမင်းကျွေးမည်သူရှိပြီ။ ကျနော်သည်လိုပဲ  ညာစားမိ ခဲ့ပါသည်။လုပ်ရသည်များ မပြောတော့ပြီ။ ကျနော်က တန်အောင်လုပ်သည် တန်အောင်စားသည်။ အစားကြီးတာကို သူတို့လဲ ခွင့်လွှတ်ကြပါသည်။

သည်လိုနှင့် ထိုဘိုးတော်နောက် လိုက်သွားသည်။ ထမင်းပုံမှန်စားရသည်။
ဘိုကလေးတွင် တစ်လကြာသည်။ဘုရားအို တစ်ဆူရှေ့တွင် ပဌာန်းဒေသနာကို နေ့စဉ် ပူဇော်ရသည်။ ဘွဲ့ အမည်က အောင်တော်မူ ဘုရားဖြစ်သည်။

ပဌာန်းပူဇော်စဉ်  ထုံးဖြူ  ဖြူ စေတီမှထူးခြားစွာ ရောင်ချည်လွှတ် သည် ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရ သည်။ (အချိန်ရလျှင်ရေးပါဦးမည်။)

 ပြန်လာတော့ ဘိုးတော်နှင့် ပဲခူးသို့ ထပ်မံလိုက်ခဲ့ ပြန်သည်။ နောက်တစ်လ ကြာသည်။

ဘိုကလေးတွင် ကျနော်လို သူနောက်လိုက်သူတွေ ငါးဆယ်ခန့်ရှိသည်။ သည်အထဲတွင် ရဲသီဟ ဦးတင်အောင်တို့ မိသားစု ပါလာသည်။
ဦးတင်အောင်က သီချင်းပေါင်းစုံတီးသည်။ပန်တျာကျောင်းဆင်း နာမည်မမှတ်မိသူ က အမြဲဆိုရသည်။သူကသီချင်းစာသား စာမရလျှင် ကျနော်က ဆိုသည်။

ထိုစဉ်က သီချင်းစပ်တာမြင်ဖူးခဲ့ သည်။ ကီးဘုတ်နှင့် ကိုယ်တိုင် အသံထည့်သည်။
သူစပ်လိုက်လျှင် အတော်ဆိုကောင်းသည်။
သီချင်းများမမှတ်မိတော့။ ထိုအချိန်မှစ၍ သီချင်းကို ကိုယ်တိုင် အသံထည့်ရသည်ဟုပဲ သိပါသည်။ ဦးတင်အောင်တို့ မိသားစုနှင့် ဗိုလ်ကလေး တွင် တစ်လ ပဲခူးတွင် တစ်လကျော် ပေါင်း နှစ်လကျော် အတူနေခဲ့ရပါသည်။

ယခု နှစ်ပေါင်းများစွာကြာမှ သိရသည်မှာ ထိုစဉ်က အတူနေဖူးသော  ရဲသီဟ ဦးတင်အောင်သည် နိုင်ငံကျော် အနုပညာရှင်တေးပြု စာဆို တဦး။ ထိုစဉ်က မသိခဲ့ပါချေ။

မင်းသမီး အဆိုတော်ကြီး ဒေါ်ချို ပြုံး သီဆိုသော တမာတောမှာ ပျော်တယ်ဆိုတဲ့ မောင်ရေ မောင်ရေ တမာမြေကို မေ့လို့လား အညာသူလေးကို မေးလို့လား ဟူသည့်သီချင်းက သူ့၏ အောင်မြင်သည့် တေးသီချင်း။နောက်ထပ် အောင်မြင်သည့် သီချင်းများစွာ ရှိပါသေးသည်။

နောက်ပိုင်းတွင် ကျနော် ထိုခြေပြတ်ကြီးကို ကျနော် ကန်တော့ခဲ့ပါသည်။တော်တော်လည်းခင်သွားသည်။
 တန်ပါသည်။ ထမင်းလဲစားရသည်။ ပဌာန်း၂၄ ပစ္စည်း အကျယ် ပစ္စယဒေသ ကို နေ့စဉ်ပူဇော်ရသဖြင့် အလွတ်ရခဲ့သည် မို့။

ကိုအောင်ဟိန်း
July 17, 2016
9:00 AM

Tuesday, July 19, 2016

လွမ်းမျက်ရည်

လွမ်းမျက်ရည်
**********
ပုလဲမျက်ရည် ဖြိုင်ဖြိုင်ဖြိုး
ရင်ကျိုး ခဲ့ရ
ဇူလှိုင် ဆယ့်ကိုး။

ဘယ်အငြိုးနဲ့များ
လွမ်းမိုးဆွေ။

ငိုကြွေး ရပေ
နှစ်စဉ်မသွေ။    ။

ကိုဧည့်သည်
July 19, 2016
10:17 AM
၆၉ ကြိမ်မြောက် အာဇာနည်နေ့

Saturday, July 9, 2016

aungthapyae9: ကျိုးစားရပါဦးမည်

aungthapyae9: ကျိုးစားရပါဦးမည်: ဒီမိုကရေစီ         ။    အတွေးအခေါ် ၊         ။   အလေ့အကျင့် ၊         ။    လုပ်ထုံးလုပ်နည်း၊         ။    စည်ကမ်း         ။   အမူ အကျင့်...

Can we get virtual currency?: မြို့ ပြ

Can we get virtual currency?: မြို့ ပြ: မြို့ ပြ လမ်း လားရာ မိုးမကျခင်က ဖိတ်အစင် တွေ့ မြင်နေကျ ကတ္တရာ နိုင်လွန်စ တို့ ရယ် ကွန်းခိုရာ သည်စခန်းမှ နီးစပ်ရာ အဘတို့ ထံ ကြွ ချီကာ လ...