Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Monday, June 12, 2017

wai lin aung: လွန်

wai lin aung: လွန်: လွန် **** #အားနာ လွန်သွား တဖက်သား အခွင့်ရေးသမား ဖြစ်သွားတယ်။ #ကိုယ်လဲ ရှုံးကာ အပြစ်ဘယာ နစ်နာ၍သာ ကျန်ခဲ့တယ်။ #ခွင့်လွှတ်လွန်သွား တဖက်...

Wednesday, January 25, 2017

ခက်ပါသည်

ခက် ရ ချည်သေး ပြည်အရေး
*************************
ခရ ခက်   ခရင် ခက်
ခါရ ခက်   ခါရင်ခက်
ချရ ခက်   ချရင် ခက်
ခုရ ခက်    ခုရင် ခက်
ခူးရခက်     ခူးရင်ခက်
ခဲ ရ  ခက်    ခဲ ရင်ခက်
ခေါ်ရ ခက် ခေါ်ရင်ခက်
ခံရ ခက်     ခံရင် ခက်
ချန်ရ ခက်   ချန်ရင်  ခက်
ခွာရခက်      ခွာ  ရင် ခက်။           ။
စည်းကမ်း မ ခက်  သေဝပ် ခက်။      
ရေးဆွဲ မ ခက်        ပြင် က ခက်။        
ဥပဒေ မ ခက်         လိုက်နာ ခက်။        
အပြောမ ခက်         အလုပ် ခက်။          
စံနစ်  မခက်            ဆောင်ရွက် ခက်။
အပျက်   မခက်       အပြု ခက်။
ငွေချေးမခက် ပြန်ဆပ်ခက်
အမိန့်ပေး  မခက်    နာခံ ခက် ။            ။
ဘာမှမခက်  လူသာခက် ။               ။
ကိုအောင်ဟိန်း
Oct17, 2015

Sunday, January 22, 2017

လွန်

လွန်
****
#အားနာ လွန်သွား တဖက်သား
အခွင့်ရေးသမား ဖြစ်သွားတယ်။

#ကိုယ်လဲ ရှုံးကာ အပြစ်ဘယာ
နစ်နာ၍သာ ကျန်ခဲ့တယ်။

#ခွင့်လွှတ်လွန်သွား တဖက်သား လူရမ်းကားသာ ဖြစ်သွားတယ်။

#ကိုယ်လဲလူညံ့ လူဖျင်းမှတ်
အရပ် လက်ညိုးထိုး ခံရတယ်။

#အချစ်လွန်သွား တဖက်သား
အတ္တသမား ဖြစ်သွားတယ်။

#ကိုယ်လဲ ကျိုး မများ ဘယာပွား
အလကား တန်ဖိုးမဲ့ ရတယ်။

ယုံကြည်လွန်သွား တဖက်သား
သူလဲ  အလကား ဖြစ်သွားတယ်။

ကိုယ်လည်းဆုံးရှုံး မိတ်ဆွေမုန်း
# သူ့မှာလူညွန့်တုံးတော့တယ်။

အားနာချစ်တတ်ခွင့်လွှတ်အပ်
မပြတ်ဉာဏ်ယှဉ်သင့်လှတယ်။

#ဝေဖန်ပိုင်းခြား ပညာအား
သူကျိုး ကိုယ့်ကျိုးကို ဆောင်လိမ့်မယ်။ ။

ကိုဧည့်သည်
8 August at 10:48 · Friends

Monday, January 16, 2017

လေပြေ

သည်ချိန်မှာ
******
လေပြေ  ဆော်သွေး အေးရင် ကတုံ သဉ္စာ ဘုံဝယ် ထွေးခြုံ ရအောင်။

ကိုနိုင်း
10:08AM
Jan 17,2017

The fresh soft breeze is slowly  blowing  at the time of cold and cool, quivering the whole body because of the cool.

Oh! my dear,
Let's go to the luxury  bed made of wood in ancient time and stay together both of us are covered over something to be warm.

Ko Nine
10: 58 am
Jan 16, 1017

It is difficult to translate and understand it's meaning. I will  translate  the first words in English.

 For example, the first Myanmar word
'Lay pyae', the meaning is the soft breeze.

On the other hands, it is point out  numeral 4 or Wednesday or  ra, ya, la,wa, Myanmar alphabet.

And then, 'Pyae' is, you see it is five. when these two words are being combined,
 4 and five will be Nine.

ကိုဧည့်သည်
7:54PM
Jan 16, 2017

Sunday, January 8, 2017

လွဲ

အထင်မလွဲနဲ့
**********
တောတောင်လျှို မြောင်
ချောင်ခြို ချောင်ကြား
ငါလျှင် သွားသည်။
ဘယ်အရာ ကား ဆွဲဆောင်သနည်း။

ကိုယ်ချစ်သောသူ
မသည်းအူသည်
တောသူ စစ်စစ် ဖြစ်သည်မို့။

ကိုနိုင်း

Thursday, August 11, 2016

ကဗျာ

n Aung
ကဗျာ
*****
' အော် '
ကဗျာ ကဗျာ
လော်မာ ရန် မဟုတ်။ ။
မတော်တာ
ရှာ ဖော်ထုတ်
အဲဒါ အမှန်သရုပ်။ ။
ကိုနိုင်း
Dec 9, 2015
8:42AM

Tuesday, July 19, 2016

လွမ်းမျက်ရည်

လွမ်းမျက်ရည်
**********
ပုလဲမျက်ရည် ဖြိုင်ဖြိုင်ဖြိုး
ရင်ကျိုး ခဲ့ရ
ဇူလှိုင် ဆယ့်ကိုး။

ဘယ်အငြိုးနဲ့များ
လွမ်းမိုးဆွေ။

ငိုကြွေး ရပေ
နှစ်စဉ်မသွေ။    ။

ကိုဧည့်သည်
July 19, 2016
10:17 AM
၆၉ ကြိမ်မြောက် အာဇာနည်နေ့

Tuesday, June 28, 2016

ခြားနားခြင်း

.
      ရွှေကြိုး နှင့် သံကြိုး
.     〰〰〰🌸〰〰〰

🔷 `ရွှေကြိုး'ဆိုပေမယ့်
      `သံကြိုး'လိုတော့  မခိုင်မာ ။

🔷 ရှုမက်စရာ  ပကာသန ပေမို့
      သူ့ထက်ငါ  အသာရစေဖို့
      အလှဂုဏ်  ခြယ်စရာပါ့
      ထည်ဝါစွာ  လည်မှာဆွဲပါလို့
      ပွဲဝင်ကြတာ ။

🔷 `ကြိုး'အမည်  ခံယူပါလည်း
      စံမတူ  ဟန်မူဒြပ် ရယ်က
      သံတစ်မူ သန်သူ မမှတ်သာဘု
      ဓာတ်သဘော  ဖီလာဆောင်၍
      ချည်နှောင်ပင်  ဘယ်မရနိုင်ခဲ့
      ပြတ်လွယ်စွ  ရွှေကြိုးသာ .....
      ဝင့်ကြွားစရာ  ပြယုဂ်အလား ။

🔷 `သံကြိုး' မှာ
      တန်ဘိုးအရာ၌
      ရတနာ အတန်းမဝင်လည်း
      အခိုင်အမာပင်  လိုရာသုံးလေတော့
      ထုံးလိုထုံး  ဖြေလိုဖြေ
      ခွေလိုခွေ ဆွဲလိုဆွဲ စေရော့
      မပြတ်မြဲ  အမြင်သာပါ့
      အစဉ်လာ  ဓမ္မတာ အရ ပေမို့
      အဆင်တန်ဆာ  အခရာ မကျပေမယ့်
      အလှ  ဘယ်လိုရှာမလဲ
      ရွှေကြိုးမှာ  ကြွားဝါခြင်း ပေမယ့်
      သံကြိုးမှာ  အားသာခြင်း ပေမို့
      စဉ်းစား  အဖြေရှာလို့
      ရွှေပမာ  နေရာရ ပေမယ့်
      အခြေမပါ  သွေကွာကြလိမ့်မယ်
      ဝိဘဇ္ဇ တရား ။      ။

                             နွေကိုတူး(ပခုက္ကူ)

Friday, June 24, 2016

ဖဿ ပစ္စယာ ဝေဒနာ

# လျှာအရသာအတွက်
-
-
လျှာအရသာအတွက်
သူတို့
ဘာမျှထည့်မတွက်ကြပါဘူး ခင်
-
အပူပေးကျပ်ကင်
မီနူးလှ အသားကင်တွေ ဝါးရင်
တစ်ဟားဟား ပျော်မြူခြင်း နောက်တွင်
ပေါက်ပင်လို ကိုင်းခဲ့ကြပေါ့၊
-
လျှာအရသာအတွက်
သူတို့
ဘာမှထည့်မတွက်ကြပါဘူး ခင်
-
ချို ချဉ် ပူ စပ် တစ်လစပ်စားရင်း
ဓာတုဆေး ဖုကာလာ
ဓာတ်မြေသြဇာ မကျန်
မြိုချ စားသုံး
ဆီတုနဲ့ပါ နပန်းလုံးခဲ့ကြပေါ့
-
လျှာအရသာအတွက်
သူတို့
ဘာမျှထည့်မတွက်ကြပါဘူး ခင်
-
ခါးလွန်းတဲ့ဆေး
အနာနဲ့တည့်အောင်ပေးလည်း
လျှာမှာအရသာ မခံလိုလို့
ဥုံ ဖွ ပျောက်စေ ဆိုတဲ့နေရာကို
ယုံကြည်စွာ ပြေးကြပေါ့
-
လျှာအရသာအတွက်
သူတို့
ဘာမျှထည့်မတွက်ကြပါဘူး ခင်
-
ဘီယာအရက်
ခွက်ခြင်းတိုက်ဆော်
ဆေးထည့်ကွမ်းစား
တစ်ဝါးဝါး ပျော်မြူး
အရသာထူးလို့ ထင်သည်ပေါ့
-
လျှာအရသာအတွက်
သူတို့
ဘာမျှထည့်မတွက်ကြပါဘူး ခင်
-
အဖုံးအကာ ဗလာကျင်း
နေပူမိ ရေသန့်ကိုသောက်ရင်း
ဝေဒနာကပြန်သောက်ခြင်းကို
တရိရိခံနေကြရသည်ပေါ့
-
လျှာအရသာအတွက်
သူတို့
တစ်ရက်ပြီး တစ်ရက်
ကင်ဆာရဲ့ လှည့်စားချက်အောက်မှာ ရောက်နေရရှာတာကို
ကိုယ်လည်း
ဘာမျှ မတတ်နိုင်ခဲ့ဘူး ခင်။
-
-
ကိုဖြောင့်
၂၅.၆.၁၆

Saturday, June 18, 2016

On her cheek'

အကြံနဲ့အကြည့်
==========

ပါးပြင်ပေါ် ရှင်မတောင်လိမ်းတော့
သူစိမ်းစိမ်းကြည့်တယ်ထင် ။

မချိုချဉ် အဲ့သည်အပြုံး
မုန်းလိုက်တာရှင် ။

ခက်ပြီနော့ လူညိုယဉ်
အကြည့်ကို ပြင်လိုက်ဦး ။

နံနက်မလင်းခင်က
ကျောက်ပျဉ်ကို စင်စင်ဆေးပါလို့
သွေးရတယ် ရှင်မတောင်ရှင့်
ပွင့်ကံ့ကော်ဝတ်ဆံနှောပါရ
နှမလေးပါးပြင်ပေါ်ထက်
ပါးကွက်ကို ဘယ်လိုအကြံနဲ့
ကြည့်ပြန်တာ သိရန်ကောရယ်မို့
ကိုယ်ယို့ကာ အနေခက်ပါရဲ့
ရွှေဘိုသူ ညိုပြာညက်လေ...
ရှက် ရှက်နဲ့ပြုံး ။

     ( သနပ်ခါးကိုခင်တွယ်နေသေးတဲ့လုံမငယ်အားလုံး
အတွက် သည်ကဗျာလေးကို ကြည်နူးစွာရေးပါတယ်)

        နေမိုးညို
      17-6-2016

Tuesday, June 14, 2016

တောင်လုံးကျော်


တောင်လုံးကျော်ပန်း
~~~~~~~~~~~
အရိုးတံ  သွယ်သွယ်ထက်မှာလ
တစ်မျိုးဟန်   တွယ်ယှက်ပါတဲ့
အရွယ်ညှက်  မာလာ ။

ခရမ်းပြာ   သွင်ပြင်ထူးရယ်နဲ့
လန်းဖြာ   ရွှင်ရွှင်မြူးဟာမို့
မောင့်ဖူးစာ  ခင်ခင်လေးကိုဖြင့်
စောင့်ခူးကာ   ဆင်ယင်ပေးသော်လည်း
မမွှေးကြိုင်  မသင်းမြ၍
ပစ်ချဖယ်ခွာ ။

မပျံ့သင်းပေမယ့်
သန့်ရှင်းကာ  ရှုမက်မဆုံးဟာမို့
ရနံ့ကင်းကွာ   သူ့တစ်သက်လုံးကိုဖြင့်
ရှုံးမခံ  လျော့မပေး
ပန်သူဝေးလည်း စိတ်မနာ
သိက္ခာ နှင့်  ဆက်လှမ်း ။

ပိတုန်းနှင့်လိပ်ပြာ
ရောက်မလာ   မခြွေဖျက်ပါလို့
ခြောက်ကာ  ကြွေပျက်သည်ထိ
ရိုးတံထက်   မာန်ဝင့်၍
ဖိုးတန်လျှက်  ဟန်တင့်တော့
စာဆင့်ကာ  အပြိုင်မွှန်းပါတဲ့
ပန်းမကိုဋ်  တော်ဝင်သည့်
ဘော်သဇင်  မမီရှုံးရတဲ့
တောင်လုံးကျော်ပန်း ။  ။

လေးချိုး
                  ဖြိုးနိုင်ထွန်း (ငွေဆောင်-သဇင်)

                               14/06/2016

ခတ္တာ



လေးကြိုးကြာပန်း
~~~~~~~~~
နုစိုစို    ရိုးတံညက်မှာလ
သူ့လိုလို  ထိုးကန်ထွက်နိုင်ဖို့
သန်လျက်ဖျား  ဗီဇပါ ။

အဖူးငယ်  ပွင့်အာစမှာဖြင့်
ထူးတလည်  တင့်ကာလှပါတဲ့
ခွင့်သာမှ  ပွင့်ရပန်းက
လန်းဆန်းဝေဖြာ ။

အဝကျယ်  အညှာကောက်ကယ်နဲ့
အလှကြွယ်  အခါရောက်သော်လည်း
မကြိုင်လှောက်   နံ့ချူချာ၍
မေကညာ  မပန်သုံးဟာမို့
ကြွေကျကာ  တစ်ဖန်ဆုံးပါတဲ့
သုံးသူမဲ့  မာလာ
သူ့ဘာသာ  ပွင့်လန်း ။

ပျိုမပန်
မလိုပြန်  ပယ်ချသော်လည်း
နဂိုဟန်  တစ်ကယ်လှဟာမို့
အသုံးပြုလို   လူအများက
မြတ်ဘုရားထံ ဆက်သ၍
သွင်မတူ  အဆင်သွေးရယ်ကြောင့်
မြင်သူ   ဘဝင်အေးစေတဲ့
လေးကြိုးကြာပန်း ။  ။

လေးချိုး
                 ဖြိုးနိုင်ထွန်း (ငွေဆောင်-သဇင်)

                           13/06/2016

ဒေသိယအခေါ်အရ လေးကြိုးကြာလို့ ခေါ်ပါတယ်
အခေါ်အဝေါ်ကွဲလွဲနိုင်ပါတယ်

Tuesday, March 8, 2016

ပြန်တွေ့ရတဲ့ကဗျာ





ပျောက်ဆုံးသွားသည် ကဗျာဖြစ်သည်။ အွန်လိုင်းပေါ်က ပြန်တွေ၏။ စကင်ရှော့ရိုက်မိသည်။ နောက်တကြိမ် ပြန်ရေးဟုဆိုပါက မရေးနိုင်တော့ချေ။ ကိုယ်ရေးသောကဗျာ ဆိုတိုင်း ပြန်းမရေး တတ်တော့။



ဖိုးရွှေလမင်း


ဖိုးလပြည့်
*********
ချစ်စရာ့ အသွင် ဘုန်းကံရှင်
တစ်မျိုးယဉ် အမြင်ဆန်း
ဖိုးရွှေလ ပင် ။    ။

ဖျတ်ကနဲမြင် ထပ်အမြဲ ပင်
ကြည့်ချင်ပါသေး
ချမ်းမြအစဉ်။      ။

ပန်းသဇင်ပမာ နန်းပလ္လင်
ထက်မှာလ ဝင်းဝင်း ပပ
မြင်ပါရ ဆွေသဟာအပေါင်း
အေးစေသာ  ရေစင်လောင်း ။       ။

 စမ်းရေ ဖြာ တသွင်သွင်
မျိုးဂုဏ်အင် ဖြူစင်ပေါင်း
တင့်တယ်ပေကြောင်း။      ။

ကိုနိုင်း
March 8, 2016
4:23

Saturday, February 20, 2016

ရောက်တတ်ရာရာ( နွေပန်းချီ )





နွေနေသည်ပူပြင်းလှ၏။ အပြင် မထွက်နိုင်။ အိမ်တွင် ငေးမှိုင်၍သာ နေမိတော့သည်။ တခါတရံ ငှက်သံလေးများကြားနေရသည်။ အတွေးတို့ သည် အိမ်တွင်မနေ လှည့်လည်၍သာကျက်စားနေလေတော့သည်။ ဟိုမှသည် သည်မှဟို တနေရာတည်းတွင် တည်ငြိမ်စွာ နေခြင်းမရှိပါတကား။

တခါကရေမိသော ကဗျာလေးကို သတိရ မိသည်။ အလွတ်မရတော့ချေ။ နွေဦးပန်းချီ လားမသိ။  ယခုအချိန်ကား သင့်တော်လှသည့်ရာသီစာဖြစ်သည်။

နွေပန်းချီ
********
နွေဦး ပန်းချီ
နေချည် နုအေး
လေရူးပွေလီ ညာဘယ်ဆီ
လှည့်လည် စမ်းပ
တောင်မြောက်ဘယ်ဆီ
ဘယ့်ဆီမှန်းဆ တမ်းတ မျှော်ရည်။     ။

ဆည်းဆာ မှောင်ရီ
လေပြည် ချိုသွေး
ငှက်ကျေးတေးသီ ခွန်းဆိုမြည်
တွဲ့သီ ပန်းလျှ  နွမ်းတခေါ် သည်
မယ့်ဆီ လွမ်းစ ကာလတာရှည်။       ။

ဆန်းစ သော်တာ
ရောင်ဖြာ ယှက်ထွေး
ကြယ်လေးငွေရည် လင်းလက်သည်
ထက်ဆီနန်း က လျှမ်းပ ရောင်ခြည်
လဲ့ပီ ဆန်းလှဖြန်းချ ငွေမင်ရည်။      ။

ကို ဧည့်သည်
Nov 27, 2015
8:30 AM

မှန်ရာကိုဆိုရပါမည်။ ဘယ်သို့ ရော်ရမ်း ဘယ်ကို မှန်းပြီး လွမ်းရမည်ကို မသိပါချေ။ အမှန်တကယ်  မလွမ်းတတ်ပါ။အလွမ်းဓါတ်ခံ ရှိ၍ လားမဆိုနိုင် စာကိုရေးရင်း ပြန်လည်ဖတ်ရင်း လွမ်းသလိုလို ဖြစ်မိပါသည်။ ကိုယ့်ငါးချဉ်မို့ ကိုယ်က ချဉ်မိနေလား ဝေခွဲရ ခက်မိသည်။

မည်သို့ ဆိုစေ
 စာဖတ်သူတို့ လည်း လွမ်းတတ်ပါက လွမ်းကြပါကုန်။ လွမ်းသလို ဆွေးသလို တေးဆိုနေသော ဥသြငှက်ပျို ၏ တွန်ကျူးသံကို ကြားယောင်လာပါက ဖုန်အလူးလူး လေပွေရူးကို မြင်ယောင်လာပါက ညအမှောင်တိုက်က လင်းလဲ့ငွေကြယ် တင့်တယ်နေပုံကို မြင်ယောင်လာပါက အလွမ်းဓါတ်ခံ ရှိသည်ဟုသာ ဆိုပါရချေတော့မည်။ ရေးသူဖက်မှ တာဝန်ကျေပြီ ဆို လျှင် စာဖတ်သူလည်း တာဝန်ကျေရန် ကိုယ့်တာဝန်ကိုယ်ထမ်း မျက်လုံးမှိတ်ပြီး လွမ်းကြပါကုန်။

ကိုအောင်ဟိန်း
်