Hete is my blog. I am wai lin aung. Some of my friends know me Ko Aung Hein. I have many different names because I have different kinds of different reasons. I don't want to reperat again. Ko E' The
Friday, April 1, 2016
အားနာလို့
အားနာလို့ပါ
*************
ပိုစ့်တင်သူက စာတိုပေစလေးများ ရေသားကာ ဝါသနာအလျှောက် တင်လေ့ရှိသည်။ တာဝန်ရှိသည်ဟု သတ်မှတ်ထားသူများက တာဝန်အရ လိုက်ခ်ကြသည်။ လိုက်ဟူသည်ကား ဘိလပ်စကား ဖြင့်ဆို ရလျှင် Like ဖြစ်၏။ like ဟူသည့်နေရာကို ကလစ်ခေါက်ရုံ။
တချို့ကား ဘာရယ်မဟုတ် လိုက်ခ် ဗုံးကျဲကြသည်။ လိုက်ခ်ဗုံး ကျဲသည်ဆိုခြင်းကား မြင်မြင်သမျှ တွေ့ရာရာ ပိုစ့်များတွင် like ဟု ကလစ်ခေါက်ရုံ မျှသာ။ ဘာမှလည်း အပမ်းမကြီးချေ။
တခါကဖြစ်ပါသည်။ စင်္ကာပူတွင်နေသော မခင်လေးနှင့် အွန်လိုင်းပေါ်တွင် သည်လိုပဲ ရင်းနှီးဖူးပါသည်။ အကြောင်းဆုံ ချင်တော့ တွေ့ဖို့ရန် ကံတရားက ဖန်တီးလာသည်။မခင်လေး ၏ ပြည်တော်ပြန် ဇာတ်တွင် ကျနော်လည်း ပါဝင်ခဲ့ပါလေသည်။
ဖေ့ဘုတ်တွင် လူသိများခဲ့သော ကျနော်ရေးခဲ့ဖူးသည့် ပိုစ်တခု အတွက် အလှူငွေ ပေးအပ်ချင်၍ လည်းဖြစ်သည်။ ၄င်းပိုစ့်ကို
ပထမ တင်သူက ပဲခူးက ကိုကြည်လင်း။ ကိုကြည်လင်းပိုစ့်တင် စဉ်က ဖေ့ဘုတ်ပေါ်တွင် သိပ်မသိသေးချေ။ ဒုတိယ ကျနော်ဖြစ်သည်။
(အချိန်ရလျှင် ပဲခူးမြို့တံတားပေါ်တွင် တောင်းစားနေသည့် စစ်ပြန်ကြီး တယောက်အကြောင်းရေးပါဦးမည်။ မခင်လေးတို့စင်္ကာပူ ရောက် မိသားစုများက မြေဝယ်ကာ အိမ်ဆောက်ပေးသည်ဟု နောင်တွင်သိရသည်။ ထိုအချိန်က ကျနော့်အမည်က အောင်ဟိန်းဖြစ်သည်။)
ပြန်လာတော့ လူချင်းတွေ့ကြပါသည်။ သူနှင့်ကျနော်ချိန်းဆိုထားသည်လည်းမဟုတ်ပါချေ။ သူပြန်လာသည်က သူ့ကိစ္စ နှင့်သူ။ အစည်းအဝေး တခုတက်ရန်ဖြစ်သည်ဟုလည်း နောက်မှသိရသည်။
တခြားသော အရေးကြီး ကိစ္စ လည်းပါမည်ထင်သည်။ ထို အစည်းအဝေး ကို မိတ်ဆွေ တစ်ဦးက ဖိတ်၍ ကျနော်လဲ ရောက်သွားခဲ့သည်။ ထို အစည်းအဝေးတွင် မခင်လေးလည်း တွေ့ရသည်။ တယောက်နှင့်တယောက် အပြင်မှာ မတွေ့ဖူး။ လိုင်းပေါ်တွင် ခင်မင်နေသည်။ ရေးသမျှ လိုက်ခ် ပေးနေသူတဦးလည်းဖြစ်သည်သာမက သူ့ပုံလေးများ မကြာခဏ ဆိုသလို တင်တတ်သည့် အတွက် မှတ်မိနေလေသည်။
စိတ်တွင် အလွန်အမင်းဝမ်းသာနေမိသည်။ ကိုယ့်၏ စာပေမိတ်ဆွေ။စာပေဝါသနာရှင်တဦးနှင့် ထူးထူးခြားခြားတွေ့ ရတော့မည်။ ဝမ်းသာမူက ပြောမပြတတ်။
စကားတွေ အပြန်အလှန် ဖောင်ဖွဲ့ ပြောမည်ဟု ကြံမိသည်။ အပြန်အလှန် မိတ်ဆက်ကြပြီး ရေထားသည့်ပိုစ့်များ ဘာကြောင့်ကြိုက်တာလဲဟု တီးခေါက်မိသည်။ အခြားလည်း ပြောစရာစကားမရှိချေ။
မခင်လေးနှင့်ကျနော်သည် စီးပွါးရေးအရ လူမူရေးအရ ဆက်စပ်မိကြသည်မဟုတ်။
ပြန်ပြော သည်စကားက စိတ်ဝင်စားစရာဖြစ်၏။
ဘာတွေရေး ထားမှန်း အစ်မလဲမသိပါ။ အစ်မ ဖုန်းက မြန်မာလိုဖတ်၍ မ ရ။ အားနာ၍ လိုက်ခ် လုပ်နေတာ ဟူသတည်း။
ယခုလည်း အားနာ ၍ လိုက်ခ် လုပ်နေသူ ဘယ်နှစ်ယောက်ရှိမည် ကို ကျနော် မသိနိုင် ပါချေတကား။
ကိုအောင်ဟိန်း
1st April, 2016
2:25 PM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment