Thursday, June 9, 2016

ကုသခက်သူ

ကုသခက်သည့်သူ

ရုပ္ပတီတိရောဂေါ  ရုပ်ရှိလျှင် ရောဂါ ရှိသည်။ ရောဂါသည် အဆန်းမဟုတ်။ ရုပ်ရှိခြင်းကြောင့် ရောဂါဖြစ်နေသည်။

ဝေဒနာက တော့ဆန်းသည်။ မခံမရပ်နိုင်ဖြစ်ရတော့သည်။ ဝေဒနာ ဘယ်ကလာသနည်း။
 ဖဿ     ပစ္စ ယာ ဝေဒနာဟုဆိုသည်။

ဖဿ     သည်ကား တွေ့ထိမူဟု ဘာသာပြန်ဆိုရမည်။ ဖဿ      အကြမ်းစားများနှင့် တွေ့ထိလေတိုင်း ဝေဒနာ တက်သည် ကျသည်ကို ကိုယ်တိုင် လေ့လာသင့်သည်။ တချို့ ကား ဖဿ      အနုနှင့်တွေ့ ၍ ဝေဒနာ အတက်အကျ ဖြစ်တတ်လေသည်။

တွေ့ထိသမျှ ဟူသမျှကို ဖဿ     ဟုဆို ရပေမည်။ အေးသောအရာများ ပူသော အရာများ ကြေညက်ခဲသောအရာများ  တက်လွန်း သက်လွန်း သော အဟာရများ
အားလုံးသည် လွန်ကျူး သောဖဿ      များပင်ဖြစ်၏။ လွန်ကျူး သည့် ဖဿ     များ ကို ရှောင်လျှင် ဝေဒနာ ပျောက်တော့သည်။ စကားချပ်။    ။ သူတပါးပြု နှင့် အတိတ် ဝဋ်ကံနာ မပါဝင်ပေ။

ကိုယ်တိုင်ပြု ဖြစ်သော လွန်ကျွံ နေသည့် ဖဿ    ဿ     ကား အဆိုးဆုံး ကုသရ အခက်ဆုံးဖြစ်သည်။ ဥပမာ အရက် ဆေးလိပ် ကွမ်း အလွန်အကျွံ သောက်ခြင်း။

ထိုကြောင့်

ဆရာ များစွာက
အကြင်တို့ သူတို့ကို ကုသ
ထိုသို့ပင် ကိုယ်ပင် ကိုယ်ကုသ
ကုသဖွယ် ကိုယ်ဝယ်လို ကုသ
ကိုယ်ရှင်ထက် ခက်သူမရှိကြဟု
 
ကဗျာဖွဲ့သီ ခဲ့ကြပေသည်။
လောကတွင် ဆိုဆုံးမ၍ အခက်ခဲဆုံးသည် တခြား မဟုတ်ပါပေ။ ကိုယ်သာလျှင် ဖြစ်သည်ဆိုလျှင် မမှားတန်ရာဟုသာ ဆင်ခြင် မိပါသည်။
အမှားမြင်က ပြင်ဆင်နိုင်စေ
အမှန်မြင်က ဆင်ခြင်နိုင်စေ။    ။

ကိုအောင်လင်းဝေနိုင်း (ကိုဧည့်သည်)

No comments:

Post a Comment