Thursday, August 11, 2016

ဘုရားပေါ်မှာ

မနာလိုစိတ် လော မျိုးချစ်စိတ်လော
************************

 သည်မြင်ကွင်းကို မကြည့်ချင်။ မကြည့်ချင် မြင်မိလျက်သား။ မမြင်ချင်ကြည့်မိလျက်သား ဟု ပင်ဆိုရပေခြိမ့်မည်။ မကြည့်သော်လည်းမြင်နေရပေသည်။ မြင်နေရတော့ ကြည့်နေမိပြန်သည်၊

 ထိုမြင်ကွင်းကို ဖဲကြဉ်ရှောင်ခွါ ခြင်းမပြု နိုင်သည်က ကိုလှမောင် ၏ ညံ့ဖျဉ်းမူသာ ဖြစ်သည်တကား။
              စိတ်အစဉ်တွင် အာရုံတစ်ခု မကပ်ငြိခင်က ကြည်လင်နေသည်။ အာရုံကပ်ငြိပြီဆိုလျှင်ကား ကြည်လင်အေးချမ်းမူသည်ပျက်စီးလေ၏။ဖောက်လွဲဖောက်ပြန်ဖြစ်ကာလှိုင်းသဖွယ် ရိုက်ခတ်ပေတော့သည်။ ရိုက်ခတ်လာသောလှိုင်းကြောင့် စိတ်သည် နောက်ကျိရှုတ်ထွေးလာတော့၏။

ရွှေတီဂုံစေတီတော်၏ တန်ဆောင်တခုတွင်ဖြစ်၏။လူသူကင်းပြတ်သည့်နေရာ။တိုးဂိုက်(ဧည့်လ
လမ်းညွှန်အမျိုးသမီးတဦး) နှင့် ခရီးသွားဧည့်သည် နိုင်ငံခြားသားတဦး၊သည်မြင်းကွင်းမျိုးက ဘုရားပေါ်
တွင်းမဆန်းပါချေ၊ ဆန်းနေသည်က သူတို့နှစ်ဦး၏ ဆက်ဆံမူ၊ လိုသည်ထက်ပိုနေသော ဆက်ဆံရေး
အနေအထားဖြစ်သည်။ သာမာန်ဆိုလျှင် ဧည့်သည်ကို ဧည်ဝတ်ကျေပွန်ရပေမည်။ ယခုမူ ထိုသို့မ
ဟုတ်ပါချေ။တည့်တည့်(ဒဲ့) ပြောရလျှင် သမီးရည်းစားကဲ့သို့ အပြု အမူမျိုး၊ ဘသားချောက ပြီတီတီ မျက်နှာပေးနှင့်
ဧည့်လမ်းညွှန်လုပ်သူကလည်း ရီဝေေ၀မျက်လုံး သူ့အပြုံး နှင့်၇ှက်သလိုအရိပ်အရောင် လက်ဆောင်
တွေ တပွေ့တပိုက်၊ သူတို့မှာတော့အိုကေ၊ ကိုလှမောင် ဒေါသတွေဝေလို မဆုံး။ မပြုံးနိုင် မရူစိမ့်နိုင်။

 ထိုအချိန်တွင် မိန်းမပျိုတသိုက် ဖြတ်လျောက်လာကြသည်။ ခေါင်းပေါ်တွင် ကိုယ်စီကိုယ်ငှ ပိတောက် ပန်းများကိုလည်း ပန်ဆင်ထားကြ၏။ရှေ့ဆုံးမှ လျှောက်လှမ်းလာသူ၏ ဆံကေသာထက်မှ ပန်းတခက်သည် မြေသို့သက်လျောကာကျလာသည်။

 သကောင့်သား တိုးရစ်သည် ထိုပန်းကိုပြေးကာ ကောက်လေ၏။ ပန်းကို တချက်နမ်းရှုပ်ကာ ဧည့်လမ်းညွှန်အမျိုးသမီး ၏ ရွှေရင်နှစ်မွှာတွင် ထိုး စိုက်လေသတည်း။ဧည့်လမ်းညွှန်အမျိုးသမီးကား ပြုံးစစ မျက်နှာပေးဖြင့် ရှက်စနိုးဟန်ပြုသည်ကို မြင်ဖြစ်အောင်မြင်လိုက်မိသည်။

ဒိုင်းကနဲ ၀ုန်းကနဲ ပေါက်ကွဲသွားသည်ဟုထင်မိသည်။ ဘယ်နေရာက ပေါက်ကွဲသည်ဟုပင်
သေချာမသိတော့ချေ၊သတိလက်လွတ်ဖြစ်ခဲ့သည်က အမှန်၊

 အမှန်ဆိုသော်
ကိုလှမောင်နှင့်လားလားမျှမဆိုင်။  ထိုသူနှစ်ဦးရှေ့တွင် ခေါက်တုန့် ခေါက်
ပြန်လမ်းလျှောက်ကာ စူးစူးရဲရဲကြည်လျှက် အကြံထုတ်နေမိသည်။တခုခုလုပ်ရန် ကြံစည်သည်။ တင်းမာနေသော ကိုလှမောင် ၏ အခြေအနေကို ရိပ်မိနေသည်အလားနှစ်ဦးသားထပြေးပါတော့သည်။

စနေထောင့် အရောက် အမျိုးသမီးသည် ရုပ်ပွါးတော် တစ်ဆူ၏ရှေ့တွင်ပုဆစ်တုတ် အာရုံပြုဟန်ဆောင်လေသည်။
ကိုလှမောင်သည် သူတို့နှစ်ဦးးနောက်မှ ကပ်လျက်လိုက်ပါလာလေသည်။ ၀တ်ပြုနေသော အမျိုးသမီး၏ အနားတိုးကပ်ကာ ဘုရားရှင်အားလက်အုပ်ချီမိုးလျက် ´သတိလေးများ ထားပါဦး ဘုရားပေါ်မှာဟု လေသံတိုးတိုးဖြင့် ပြောလေသည်။

ထိုမှတဆက်တည်း ဗုဒံသရဏံကစာမိ ဓမံသရဏံ ကစာမိ သံယံ သရဏံ ဂစာမိ ဟု အသံကျယ်ကျယ်      ရွတ် ဆိုလိုက်သည်။ မဆုံးလိုက်ရချေ၊
ကျွန်မ ဘာများလုပ်မိလုပ်လဲဟု တုန့်ပြန် ခြင်းကိုကြားလိုက်ရလေ၏၊
 ကိုလှမောင် ထပ်မံပေါက်ကွဲသည်လေသတည်း။
 နှစ်ယောက်စလုံး ပါးရိုက်ခံရမယ်ဟု ခြိမ်းခြောက်လိုက် ရန်တွေ့လိုက် ဘုရားရှိခိုးလိုက်လုပ်နေသဖြင့် နှစ်ဦးသား လစ်ပြေးလေတော့သတည်း။

မကြည့်ချင် မြင်နေမိသော အာရုံနောက်လိုက်မိသည့်အတွက် အမှားတို့သည် ဆင့်ကာဆင့်ကာ ဖြစ်ပွားလေကုန်တော့သည်။ ဖြစ်ခဲ့သောစိတ်အစဉ်သည် ဘာကြောင့်ရယ်တိတိကျကျမသိ၊

 ဖြစ်ခဲ့သည်က မငြင်းနိုင်သော အမှန်တရား၊ သည်အဖြစ်မျိုး နောက်ထပ်မကြုံ အောင် ဆင်ခြင်မိရုံမှ တပါး ကိုလှမောင် ဘာများ တတ်နိုင် ပါမည်နည်း။

ကိုအောင်ဟိန်း
May 15 , 2016
12:33 PM

2:43PM

No comments:

Post a Comment